News

POST TYPE

NEWS

တာမွေတွင် မူးယစ်ဆေးဝါးများ ဖမ်းမိ
18-Jul-2019


ရန်ကုန်၊ ဇူလိုင် ၁၈

တာမွေမြို့နယ်၊ မလွှကုန်းဌေးကြွယ် (က) ရပ်ကွက်တွင် ဇူလိုင် ၁၇ ရက် ညနေပိုင်းက အမျိုးသမီးတစ်ဦးနှင့်အတူ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖမ်းမိသူ မအိအိသွယ် (ခ) အမိုး (၃၆) နှစ်မှာ မူးယစ်ဆေးဝါးရောင်းချနေကြောင်း သတင်းရရှိမှုကြောင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များက ၎င်း၏ နေအိမ်ကို ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၃၈၀၀ ပြား၊ ICE ၁ ဒဿမ ၃၄ ကီလို၊ ဆေးခြောက်နှင့် Tramadol ၃၆၀၀ တောင့်တို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သော မအိအိသွယ် (ခ) အမိုးကို တာမွေမြို့မ ရဲစခန်းမှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြာင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

S-03


  • VIA