News

POST TYPE

NEWS

မူဆယ်မြို့တွင် ဆိုင်ကယ်စီးလာသူကို ကားတစ်စီးပေါ်မှ သေနတ်ဖြင့် လိုက်ပစ်သတ်
16-Jul-2019

လားရှိုး၊ ဇူလိုင် ၁၆

တရုတ်-မြန်မာ နယ်စပ်မြို့ဖြစ်သော မူဆယ်မြို့တွင် ယနေ့ (ဇူလိုင် ၁၆ ရက်) နံနက် ၁၁ နာရီခန့်က မော်တော်ယာဉ်စီးပေါ်မှ ဆိုင်ကယ်စီးနင်းလာသည့် လူတစ်ဦးကို သေနတ်ဖြင့် လိုက်ပစ်ခတ်သောကြောင့် ဆိုင်ကယ်သမားမှာ ကျည် ၇ ချက် ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း ယင်းမြို့ရဲစခန်းမှ သိရသည်။

ယင်းပစ်ခတ်မှုမှာ မူဆယ်မြို့ ၄၅ ကုန်းလမ်းပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆိုင်ကယ်သမားမှာ ခြံဝင်တစ်ခုသို့ ပြေးဝင်ရန် ကြံရွယ်သော်လည်း သေနတ်မှန်ကာ လဲကျသေဆုံးဖွယ်ရှိကြောင်း ရဲတပ်ဖွဲ့၏ ကနဦးသတင်းပေးပို့ချက်များအရ သိရသည်။

လတ်တလောတွင် မော်တော်ယာဉ်ပေါ်မှ သေနတ်ဖြင့် ပစ်ခတ်သူများကို ဖမ်းဆီးရမိရေးအတွက် ပိုက်စိပ်တိုက်ရှာဖွေမှုများ ပြုလုပ်သကဲ့သို့ မည်သူ၊ မည်သည့်အဖွဲ့အစည်းဖြစ်သည်ကိုလည်း စုံးစမ်းလျက်ရှိကြောင်း ယင်းမြို့ရဲတပ်ဖွဲ့မှ သိရသည်။

မမ(လားရှိုး)