News

POST TYPE

NEWS

ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်မှု ဥပဒေနှင့်မညီလျှင် ပြည်ခိုင်ဖြိုးပါတီက ပြင်းပြင်းထန်ထန် ကန့်ကွက်မည်
16-Jul-2019


ပုသိမ်၊ ဇူလိုင် ၁၆

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ဥပဒေနှင့်မညီသော ကြိုးစားမှုများ ဖြင့်ပြင်ဆင်ပါက ပြင်းပြင်းထန်ထန် ကန့်ကွက်မည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အလုပ်အမှုဆောင်အဖွဲ့က ဇူလိုင်က ၁၅ ရက်နေ့တွင် ပြောဆိုလိုက်သည်။

ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဦးဝင်းကိုကိုက ယင်းသတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခြင်းဖြစ်သည်။

“ခုလိုပြင်းပြင်းထန်ထန် ကန့်ကွက်တာက ရှင်းတယ် ကျွန်တော်တို့ နိုင်ငံရဲ့အချုပ်အခြာ အာဏာနဲ့ နောင်ဖြစ်ပေါ်လာမယ့် နိုင်ငံတော်သမ္မတကိုတော့ နိုင်ငံခြားစပ်ဆက်နေသော သူတစ်ယောက် မဖြစ်ဖို့တော့ ပြင်းပြင်းထန်ထန် ကန့်ကွက်မယ်”ဟု ၎င်းက ဆိုသည်။

ပြည်ထောင်စုလွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ဇွန်လ ၇ ရက်နေ့က အတည်ပြုခဲ့သည့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေကို ကန့်ကွက်ကြောင်းအပါအဝင် ဒေသတွင်း ကုန်ဈေးနှုန်းကြီးမြင့်မှု အလုပ်အကိုင် အခွင့်အလမ်းရှားပါးမှု၊ လျှပ်စစ်မီတာခ တိုးမြင့်မှုတို့ကို ပြန်လည်သုံးသပ်ပြုပြင်ပေးရန်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအားအရင်းအမြစ် ဖွင့်ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနအသစ် ဖွဲ့စည်းခြင်းကို ပြည်သူအား ပွင့်လင်းမြင်သာချပြပေးရန် စသည့်တို့ကိုလည်း ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီက ထုတ်ပြန်ပြောဆိုလိုက်သည်။

R-12




  • VIA