News

POST TYPE

NEWS

ခန္တီးမြို့တွင် ငွေကျပ် ၁၃၉ သန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
15-Jul-2019
ကလေး၊ ဇူလိုင် ၁၅ 

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် ငွေကျပ် ၁၃၉ သန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ခန္တီးမြို့မရဲစခန်းမှ သိရသည်။

ဇူလိုင်လ ၁၅ ရက်နေ့ မနက် ၅ နာရီ အချိန်ခန့်က ခန္တီးမြို့နယ် ရပ်နားကျေးရွာ အနီးတောင်ယာတဲအတွင်းမှ ငွေကျပ်သန်း ၁၃၉ သန်းကျော် (၁၃၉၉၂၀၀၀၀) တန်ဖိုးရှိ ဘိန်းဖြူ ၁၁၆၆ ဂရမ်ကို ကိုစိန်အောင် (၃၅) နှစ် (ဘ) ဦးအောင်မြင့်နှင့်အတူ တူမီးသေနတ်တစ်လက်ကိုပါ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိသူ ကိုစိန်အောင်၏ ဖော်ချက်အရ ဇူလိုင်လ ၁၅ ရက်နေ့ မနက် ၇ နာရီ အချိန်တွင် ရပ်နားကျေးရွာတွင် နေထိုင်သည့် ကိုယဉ်ဇော်ဦး (၄၁) နှစ် (ဘ) ဦးဘအောင်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ငွေကျပ်တန်ဖိုး နှစ်သိန်းကိုးသောင်းငါးထောင်ကျပ် တန်ဖိုးရှိ စိတ်ကြွဆေးပြား (၅၉) ပြားနှင့် ငွေကျပ်တန်ဖိုး ကိုးသိန်းခြောက်သောင်းကျပ် တန်ဖိုးရှိ ဘိန်းဖြူများကို ဖမ်းဆီးရမိခဲ့ကြောင်း ခန္တီးမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းမူးယစ်ဆေးဝါးများနှင့် အတူဖမ်းဆီးရမိခဲ့သူနှစ်ဦးအား ခန္တီးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ပုဒ်မဖြင့် အမှုဖွင့်အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

R-20




  • VIA