News

POST TYPE

NEWS

စစ်ကိုင်းတိုင်းအတွင်း မြို့နှစ်မြို့ ရေနစ်မြုပ်
15-Jul-2019
ကလေး ဇူလိုင် ၁၅

ချင်းတွင်းမြစ်ရေနှင့် ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် စစ်ကိုင်းတိုင်းအတွင်းရှိ ခန္တီးမြို့နှင့် ကသာမြို့များ ရေဝင်နစ်မြုပ်သဖြင့် လူဦးရေ ၁၅၀၀ ကျော် ပြောင်းရွှေ့နေထိုင်မှုများရှိလာကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနရုံးမှ ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်က ပြောကြားသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရုံး၏ ဇူလိုင်လ ၁၅ ရက်နေ့ မနက် ၈ နာရီခွဲအချိန် တိုင်းထွာထုတ်ပြန်ချက်အရ ဧရာဝတီမြစ်ရေသည် ကသာမြို့၏ စိုးရိမ်ရေမှတ် ၁၀၄၀ စင်တီမီတာ အထက် ၁၀၆၂ စင်တီမီတာတွင် ရောက်ရှိနေပြီး ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၏ စိုးရိမ်ရေမှတ် ၁၃၆၀ စင်တီမီတာ အထက် ၁၄၃၈ စင်တီမီတာ ရောက်ရှိနေသည်။

မြစ်ရေများ မြင့်တက်မှုကြောင့် မြို့နှစ်မြို့ရှိ အနိမ့်ပိုင်းရပ်ကွက်ကျေးရွာများတွင် မြစ်ရေများ ဝင်ရောက်သဖြင့် ဇူလိုင်လ ၁၃ ရက်နေ့မှစတင် ဇူလိုင်လ ၁၅ ရက်နေ့အထိ အိမ်ထောင်စု ၄၀၀ နီးပါး လူဦးရေ ၁၅၀၀ ကျော်တို့သည် ရေလွတ်ရာ နေရာများသို့ ရွှေ့ပြောင်းခဲ့ရပြီး ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားသည်။




  • VIA