News

POST TYPE

NEWS

ချင်းတွင်းမြစ်အတွင်း ကျောက်မီးသွေးတင် တွဲသင်္ဘော တိမ်းမှောက်
15-Jul-2019

ကလေး၊ ဇူလိုင် ၁၅

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်အတွင်း ချင်းတွင်းမြစ်ကြောင်းအတိုင်း ကျောက်မီးသွေးတင်ဆောင်ကာ ရေစုန်အတိုင်း မောင်းနှင်လာသည့် တွဲသင်္ဘောတစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း ကလေးဝမြို့မရဲစခန်းမှ သိရသည်။

ထူးဟန်သစ်ကျောက်မီးသွေးကုမ္ပဏီမှ ကျောက်မီးသွေးတန် ၁၇၅၁ ဒသမ ၉ တန် တင်ဆောင်လာသည့်တွဲသင်္ဘောသည် ဇူလိုင်လ ၁၅ ရက်နေ့ မနက် ၇ နာရီအချိန်ခန့်က ကလေးဝမြို့နယ် ဇီးဒေါင့်ကျေးရွာအနီးအရောက်တွင် တက်မနှင့် တုံးညှပ်မိရာမှ ကျောက်ဆောင်ကို ဝင်ရောက်တိုက်မိပြီး တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါတိမ်းမှောက်ခဲ့သည့် တွဲသင်္ဘောသည် ဇွဲမြင့်ထွန်း (၇) ကို ဦးကိုနိုင် (၄၃ နှစ်)က မောင်းနှင်လာခဲ့ခြင်းဖြစ်ပြီး လူများ ထိခိုက်ဒဏ်ရာရခြင်း သေဆုံးခြင်းမရှိပေ။

R-20