News

POST TYPE

NEWS

စက်လှေတစ်စင်းပေါ်၌ အမျိုးသားတစ်ဦး ဓာတ်လိုက် သေဆုံး
11-Jul-2019

ကလေး၊ ဇူလိုင် ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ချင်းတွင်းမြစ်ကမ်းဘေး မြစ်အတွင်း ဆိုက်ကပ်ထားသည့် စက်လှေပေါ်ရှိ မီးခလုတ်ခုံကို စစ်ဆေးရာမှ အမျိုးသားတစ်ဦး ဓာတ်လိုက် သေဆုံးမှု ဇူလိုင်လ ၁၀ ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း ခန္တီးမြို့မရဲစခန်းထံမှ သိရသည်။

ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် ဇေယျာရွှေစင် ၃ အမြန်ရေယာဉ်ပေါ်ရှိ မီးသီးများဖွင့်လိုက် ပွင့်လိုက်ဖြစ်နေသဖြင့် စက်လှေလုပ်သားဖြစ်သူ သစ်လွင်ဦး ၂၄ နှစ်သည် စက်လှေမောင်းခန်းအတွင်းရှိ မီးခလုတ်ခုံကို သွားရောက်ပြင်ဆင်ခဲ့ရာမှ ဓာတ်လိုက်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ခန္တီးမြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် ၅/၂၀၁၉ ဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါစခန်းမှ သိရသည်။

R-20