News

POST TYPE

NEWS

ကယ်လီဖိုးနီးယားတွင် ပြင်းအားမြင့်ငလျင် လှုပ်ခတ်
06-Jul-2019


စခရမန်တို၊ ဇူလိုင် ၆

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းမှာ ပြင်းအား ၇ ဒသမ ၁ အဆင့်ရှိတဲ့ အားကောင်းသောငလျင် လှုပ်ခတ်ခဲ့ရာမှာ နှစ် ၂၀ အတွင်း ဒေသတွင်း အပြင်းဆုံး ငလျင်အဖြစ် မှတ်တမ်းဝင်သွားပါတယ်။

လော့အိန်ဂျလိစ်မြို့ရဲ့ အရှေ့မြောက်ဘက် ၂၄၀ ကီလိုမီတာအကွာမှာတည်ရှိတဲ့ ရစ်ဂျီခရက်စ်မြို့အနီးမှာ ငလျင်ဗဟိုပြုပြီး လှုပ်ခတ်သွားခဲ့တာ ဖြစ်ပါတယ်။

ငလျင်ဟာ တစ်ခုပြီးတစ်ခု ဆက်တိုက်လှုပ်မယ့် အတွဲလိုက်ငလျင်ဖြစ်ကြောင်း ငလျင်ဗေဒပညာရှင် ဒေါက်တာ လူစီဂျုန်းစ် က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

လက်ရှိ ငလျင်၏ သဘောသဘာဝကြောင့် လာမည့်သတင်းပတ်အတွင်း နောက်ဆက်တွဲငလျင်များ ဆင်တူ သို့မဟုတ် ယခုထက်ပင် အားပြင်းစွာ လာနိုင်ချေ ဆယ်ရာခိုင်နူန်းရှိကြောင်း ၎င်းက ထောက်ပြသည်။

ငလျင်သည် ပြင်းထန်ခဲ့ခြင်းကြောင့် အလွန်ဝေးသောဒေသဖြစ်သည့် အိမ်နီးချင်းပြည်နယ် နီဗားဒါးမှ လက်စ်ဗီးဂတ်စ် အထိ ခံစားသိရှိခဲ့ရသည်။

ထိခိုက်ခံစားခဲ့ရသူများကို စာနာထောက်ကူမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုအဆင့် အကူအညီများရရှိရန် နိုင်ငံတော်သမ္မတ၏ အရေးပေါ်အခြေအနေကြေညာမှုကို တောင်းဆိုထားကြောင့် ကယ်လီဖိုးနီးယား အုပ်ချုပ်ရေးမှူး ဂါဗင်နယူးစ်အွန် က ပြောကြားသည်။

F-02