News

POST TYPE

NEWS

EU ၏ ပထမဆုံး အမျိုးသမီးအကြီးအကဲရာထူးကို ဂျာမနီကာကွယ်ရေးဝန်ကြီး အာဆူလာဗွန်ဒါလီယန် ခန့်အပ်ခံရ
03-Jul-2019


ဘရပ်ဆဲလ်၊ ဇူလိုင် ၃

ဥရောပကော်မရှင်၏ အကြီးအကဲအဖြစ် ပထမဆုံးအကြိမ် အမျိုးသမီးတစ်ဦးကို ရွေးချယ်ခန့်အပ်ခဲ့ရာ ဂျာမနီကာကွယ်ရေးဝန်ကြီး အာဆူလာဗွန်ဒါလီယန်ကို ရွေးချယ်လိုက်သည်။

ဥရောပကော်မရှင် အကြီးအကဲရာထူးအတွက် အဓိက ရေပန်းစားနေသူများကို ကျော်လွှားပြီး အာဆူလာဗွန်ဒါလီယန်ကို အံ့အားသင့်ဖွယ် ရွေးချယ်လိုက်ကြခြင်း ဖြစ်သည်။

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ အကြီးအကဲ ခရစ္စတင်းလာဂါဒီကို ဥရောပဗဟိုဘဏ် ECB ၏ အကြီးအကဲအဖြစ် ခန့်အပ်လိုက်သေးသည်။

ခက်ခဲစွာ ညှိနှိုင်းခဲ့ပြီးနောက်တွင်  အာဆူလာကို ထိပ်တန်းဥရောပကော်မရှင် ဥက္ကဌအဖြစ် ရွေးချယ်လိုက်ခြင်းဖြစ်သည်။

ဘယ်ဂျီယံ လစ်ဘရယ်ဝန်ကြီးချုပ် ချားလ်စ်မစ်ရှယ်ကို ဥရောပကောင်စီဥက္ကဌ ဒေါ်နယ်တက်စ်၏နေရာမှာ အစားထိုးဖို့ ရည်ရွယ်ထားကြပြီး စပိန်မှ ဂျိူးစက်ဘော်ရယ်ကို ဥရောပ၏ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲအဖြစ် ရည်ရွယ်ထားသည်။

ဥရောပပါလီမန်၏ ဥက္ကဌရာထူးအတွက် ဂျာမနီ လက်ယာဗဟိုအမတ်တစ်ဦးနှင့် ဘူဂေးရီးယားဆိုရှယ်လစ် ဆာဂျီစတာနီရှက်ဗ် တို့ ရေပန်းစားလျက်ရှိသည်။

F-02