News

POST TYPE

NEWS

ပဲခူးဆေးရုံကြီးတွင် Medicine Box စတင်ထားရှိ
25-Jun-2019
တောင်ငူ၊ ဇွန် ၂၅

ပဲခူးဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့သူများ၏ ပိုလျှံဆေးဝါးများကို ပြန်လက်ခံပြီး ဆေးဝါးကျွမ်းကျင်သူများက ဆေးလိုအပ်သည့် လူနာများကို ပြန်လည်လှူဒါန်းပေးမည့် Medicine Box ကို ဇွန် ၂၄ ရက်နေ့တွင် စတင်ထားရှိပြီ ဖြစ်ကြောင်း ယင်းဆေးရုံမှ သိရသည်။

“အရေးပေါ်ရှေ့မှာ Medicine box ထားတယ်။ လှူတဲ့ဆေးဝါးကတော့ သက်တမ်းရှိ ဆေးဝါးဖြစ်ရမယ်။

ဆေးလိုအပ်သူကို ဆေးဝါးကျွမ်းကျင်တွေက စီစစ်ပြီးပြန်လည်လှူဒါန်းပေးမှာပါ။ နောက်ပြီး ပရဟတိဆေးခန်းတွေကိုလည်း တစ်ဆင့်လှူဒါန်းပေးမယ်”ဟု ပဲခူးဆေးရုံကြီးတွင် ပရဟတိလုပ်ငန်းများ ဆောင်ရွက်နေသူ ဦးခင်မောင်ရည်က ပြောကြားသည်။

မန္တလေးမြို့ခံ ပရဟိတသမား ကိုဝမ်းက လိုအပ်သူများစားသောက်နိုင်သည့် အခမဲ့အချိုရည် သောက်ရေသန့်နှင့် မုန့်မျိုးစုံထည့်သွင်းထားသည့် Food Box ထားရှိမှု ပြုလုပ်လှူဒါန်းပေးခဲ့ပြီး

နောက်မြို့ကြီးအချို့ လိုက်လုပ်လာကြသည့်အတွက် ပဲခူးမြို့ဆေးရုံတွင်လည်း Medicine Box ဆေးရုံအုပ်ကြီး ဒေါက်တာ ရန်နိုင်မောင်၏ အစီအမံဖြင့် ထားရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

R-15




  • VIA