POST TYPE
NEWS
ဖခင်ဖြစ်သူက သမီးအရင်းနှစ်ယောက်ကို အဓမ္မပြုကျင့်ရန်ကြံစည်
25-Jun-2019
ချောက် ၊ ဇွန် ၂၅
ရေစကြိုမြို့နယ် ဂွေးချိုကျေးရွာတွင် ဖခင်ဖြစ်သူက အသက်မပြည့်သေးသည့် ၁၁ နှစ်အရွယ် နှင့် ၁၆ နှစ်အရွယ်သမီးတို့ကို အဓမ္မပြုကျင့်ရန်ကြံစည်ခဲ့ကြောင်း သမီးဖြစ်သူက တိုင်းတန်းခဲ့သည့်အတွက် ဖခင်ဖြစ်သူကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိကြောင်း ယင်းမြို့နယ်ရဲစခန်းမှ သိရသည်။
ဖခင်ဖြစ်သူသည် ဇွန်လအတွင်းတွင် ၁၆ နှစ်အရွယ် သမီးဖြစ်သူအား အဓမ္မပြုကျင့်ရန် သုံးကြိမ်တိတိကြိုးစားခဲ့သည့်အပြင် ၁၁ နှစ်အရွယ်သမီးဖြစ်သူကိုလည်း ဧပြီလအတွင်းက ကာမစပ်ယှက်ရန် ကြိုးစားခဲ့သည်မှာ မအောင်မြင်ခဲ့ကြောင်း သိရှိရသည့်အတွက် ၁၆ နှစ်အရွယ် သမီးဖြစ်သူက ဇွန်လ ၂၁ ရက်နေ့တွင် ရဲစခန်းသို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။
သမီးအရင်းနှစ်ယောက်ကို အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့သည့် ဖခင်ဖြစ်သူ မြသောင်း (၄၁ နှစ်) ကို ပခန်းကြီးရဲစခန်းက (ပ) ၇၅/၂၀၁၉ ၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ /၅၁၁ ဖြင့် အမှုဖွင့် ဖမ်းဆီးအရေးယူထားသည်။
R-24
- SOURCES
- The Voice
-
14-Dec-2019
-
14-Dec-2019
-
14-Dec-2019
-
14-Dec-2019
-
14-Dec-2019
-
13-Dec-2019
-
01-Dec-2019