News

POST TYPE

NEWS

လိင်အလုပ်သမများ ဘဝတိုးတက်မြင့်မားရေး စီမံချက်ရေးဆွဲဆောင်ရွက်
24-Jun-2019

မန္တလေး၊ ဇွန် ၂၄

မန္တလေးခရိုင်အတွင်း လိင်အလုပ်သမားများ၏ ဘဝတိုးတက်မြင့်မားစေရန်အတွက် စီမံချက်ရေးဆွဲကာ ၂၀၂၀ ပြည့်နှစ်အထိ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း မန္တလာရောင်စဉ်အဖွဲ့ထံမှ သိရသည်။ 

အဆိုပါစီမံချက်ကို တော်ဝင်ပန်း စီမံချက်ဟု အမည်ပေးထားပြီး အမျိုးသမီးများ နည်းအမျိုးမျိုးဖြင့် အကြမ်းဖက်ခံရမှုများ လျော့နည်းပပျောက်စေရန်၊ အကြမ်းဖက်ခံရသော အမျိုးသမီးများအတွက် လိုအပ်သည့် ဥပဒေပိုင်းဆိုင်ရာ၊ ကျန်းမာရေးပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးပညာပေးအစီအစဉ်များနှင့် ကူညီပေးရန်စသည်တို့ဖြစ်ကြောင်း မန္တလာရောင်စဉ်အဖွဲ့နှင့် တော်ဝင်ပန်း စီမံချက်မန်နေဂျာ ဒေါ်ထူးဧပရယ်ကျော်က ပြောကြားသည်။

ယင်းစီမံချက်ကို၂၀၁၉ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ပြုလုပ်မည်ဖြစ်ပြီး Care Myanmar အဖွဲ့၏နည်းပညာ ပံ့ပိုးမှုဖြင့် နော်ဝေနိုင်ငံ Norad အဖွဲ့၏ ရန်ပုံငွေထောက်ပံ့မှုဖြင့်ပြုလုပ်မည်ဖြစ်ကြောင်း စီမံကိန်းတာဝန်ရှိသူများထံမှ သိရသည်။ 

မန္တလေးခရိုင်အတွင်းရှိ ချမ်းအေးသာစံ၊ ချမ်းမြသာစည်၊ မဟာအောင်မြေ၊ ပြည်ကြီးတံခွန်၊ အောင်မြေသာစံနှင့် ပုသိမ်ကြီးမြို့နယ်တို့ရှိ လိင်အလုပ်သမားများ၏ဘဝများ တိုးတက်မြင့်မားစေရန် ကူညီမည်ဖြစ်ကြောင်း၊ အသက်မွေးဝမ်းကျောင်း သင်တန်းများပေးခြင်းနှင့် ဆွေးနွေးပွဲများပြုလုပ်ပေးခြင်း၊ အသေးစား ငွေကြေးထောက်ပံ့ပေးခြင်းများ အပါအဝင် လုပ်ငန်းစဉ် ၁၆ ခုကို ဆောင်ရွက်နေကြောင်း မန္တလာရောင်စဉ်အဖွဲ့နှင့် တော်ဝင်ပန်းစီမံချက်မှ သိရသည်။

M-05