News

POST TYPE

NEWS

အုတ်​တွင်းတွင် ကိုရင်​တစ်​ပါး ကြိုးဆွဲချသေဆုံး
24-Jun-2019

တောင်​ငူ၊ ဇွန်​၂၄

ပဲခူးတိုင်း​ဒေသကြီး အုတ်​တွင်းမြို့နယ်​ တလုပ်​ကုန်း​ကျေးရွာ​ သာသနာ့ဂုဏ်​ရည်​​ကျောင်းတိုက်​​တွင် ဇွန် ​၂၃ ရက်​နေ့ ညနေပိုင်း သက်​​တော်​ ၁၄ နှစ်​အရွယ်​ ကိုရင်​ငယ်​တစ်​ပါး ကြိုးဆွဲချ သေဆုံးသွားကြောင်း အုတ်​တွင်းမြို့မရဲစခန်းမှသိရသည်​။

“ကိုရင်​​​လေးက ​နေ့ခင်းက​တောင်​ အ​ကောင်းလို့သိရတယ်​။ စိတ်​ကျန်းမာ​ရေး မ​ကောင်းဘူး ​ပြော​နေကြ​ပေမယ့်​ အစိုးရစာ​မေးပွဲတောင်​​ဖြေပါတယ်”​ဟု အုတ်​တွင်းမြို့ ​ရင်​ခုန်​သံ နာရေးကူညီမှုအသင်း နာယက ဆရာ​တော်​ဦး​တေဇသီရိက မိန့်​ကြားသည်​။

သာသနာ့ဂုဏ်​ရည်​​ကျောင်းတိုက်​ရှိ ​ဘောဇန​ဆောင်​​တွင်​​ သီတင်းသုံးသည့်​ အရှင်သုဇာတ (ခ) ပါကျဲ (၁၄ နှစ်​) သည်​ ယင်း​ကျောင်း​ဆောင်​၏ အမြင့်​ ၁၀ ​ပေ ၆ လက်​မခန့်​ရှိသည့်​ ထုတ်​တန်းတွင်​ ကြိုးဆွဲချ အဆုံးစီရင်သွားခြင်းဖြစ်​သည်။

အုတ်​တွင်းမြို့မရဲစခန်းက ​သေမှု​သေခင်း အမှတ်​စဉ်​ ၈/၂၀၁၉ ဖြင့်​ အမှုဖွင့်​လှစ်​ကာ ဓမ္မတာအတိုင်း​သေဆုံးခြင်း ဟုတ်​ မဟုတ်​ စုံစမ်းစစ်​​ဆေး​နေသည်​။

R-15