News

POST TYPE

NEWS

မြေးဖြစ်သူ မွေးကင်းစ ကလေးအား ခြေဖြင့်နင်းသတ်ခဲ့သည့် အဖိုးဖြစ်သူကို ဖမ်းဆီး
20-Jun-2019


ရန်ကုန်၊ ဇွန် ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့၊ ဝန်တင်ကုန်းကျေးရွာတွင် ဇွန် ၁၉ ရက်နေ့က အသက် ၄၈ နှစ်အရွယ်ရှိ အမျိုးသားမှာ ၎င်း၏ သမီးဖြစ်သူမှ မွေးဖွားသော ကလေးငယ်ကို ခြေဖြင့်နင်းသတ်၍ ကြံခင်းထဲ အလောင်းစွန့်ပစ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

လူသတ်မှုကျူးလွန်ခဲ့သူ ဦးထွန်းလင်း (၄၈) နှစ်မှာ အသက် ၂၂ အရွယ် သမီးတစ်ဦးရှိပြီး သမီးဖြစ်သူမှ အိမ်ထောင်မရှိဘဲ ကိုယ်ဝန်ရရှိခဲ့ပြီး ကလေးမွေးသဖြင့် ၎င်းမှာ အရှက်ရပြီး အခင်းဖြစ်ည သန်းခေါင်ချိန်တွင် မွေးကင်းစ မိန်းကလေးကို ခြေဖြင့်နင်းသတ်၍ နေအိမ်နှင့် ကိုက် ၂၀၀ ခန့်အကွာရှိ ကြံခင်းထဲ ကလေးအလောင်းကို စွန့်ပစ်ခဲ့သည်။

မွေးကင်းစ မိန်းကလေးငယ်မှာ ဦးခေါင်းတွင် ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး လူသတ်မှုကျူးလွန်ခဲ့သူ ဦးထွန်းလင်း ကို ဖမ်းဆီး၍ ကနီနယ်မြေ ရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

S-03



  • VIA