News

POST TYPE

NEWS

ရွှေဈေး ၁၁ သိန်းနီးပါးရောက်
20-Jun-2019
ရန်ကုန်၊ ဇွန် ၂၀

ဆက်တိုက်မြင့်တက်နေသော ပြည်တွင်းရွှေဈေးနှုန်းများသည် ယနေ့ (ဇွန်လ ၂၀ ရက်) နံနက်ပိုင်းတွင် ၁၆ ပဲရည် တစ်ကျပ်သားလျှင် ကျပ် ၁၁ သိန်းနီးပါးအထိ ရောက်ရှိလာကြောင်း ရွှေဘုံသာရွှေဈေးကွက်အတွင်းမှ သိရသည်။

ယခုဈေးသည် ရွှေဈေးသမိုင်းတစ်လျှောက် မဖြစ်ပေါ်ဖူးသည့် ဈေးနှုန်းတစ်ရပ်ဖြစ်ပြီး ယခုဈေးမတိုင်မီ အမြင့်ဆုံးစံချိန်တင်ထားသည့်ဈေးမှာ ၁၆ ပဲရည် တစ်ကျပ်သားလျှင် ၁,၀၉၀,၀၀၀ နီးပါး ဈေးဖြစ်သည်။

ပြည်တွင်းရွှေဈေးသည် ကမ္ဘာ့ရွှေဈေးမြင့်တက်ခြင်းကြောင့် လိုက်ပါမြင့်တက်ခြင်းဖြစ်ပြီး ကမ္ဘာ့ရွှေဈေးသည် ဇွန်လ ၁၉ ရက်နေ့ကထက် တစ်ရက်တည်း တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၃၇ ဒေါ်လာနှင့် ပြည်တွင်းရွှေဈေးသည် ၁၆ ပဲရည် တစ်ကျပ်သားလျှင် ကျပ် ၁၂,၀၀၀ ကျော် မြင့်တက်သွားကြောင်း ယင်းရွှေဈေးကွက်အတွင်းမှ သိရသည်။

“ဒါက စံချိန်ချိုးသွားတာပေါ့နော်။ အရင်ကတစ်ခါမှ မဖြစ်ဖူးဘူး”ဟု တိတ်စိန်ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင်က ဆိုသည်။

လက်ရှိရွှေဈေးကွက်အတွင်း ကမ္ဘာ့ရွှေ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၃၇၉ နှင့် ပြည်တွင်းရွှေ ၁၆ ပဲရည်တစ်ကျပ်သားလျှင် ကျပ် ၁,၀၉၅,၀၀၀ ဈေးရှိကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

S-04


  • VIA