News

POST TYPE

NEWS

Grab က ယာဉ်မောင်းနှင့် ခရီးသည်များကို တစ်ကိုယ်ရေထိခိုက်မှု အာမခံပေးမည်
19-Jun-2019

ရန်ကုန်၊ ဇွန် ၁၉

အငှားယာဉ်ဝန်ဆောင်မှုကုမ္ပဏီ Grab နှင့် မြန်မာ့အာမခံလုပ်ငန်းတို့ ပူးပေါင်းပြီး မိတ်ဖက်ယာဉ် မောင်းနှင့် ခရီးသည်များအတွက် တစ်ကိုယ်ရေထိခိုက်မှု အာမခံပေးမည်ဖြစ်ကြောင်း Grab ထံမှ သိရသည်။ 

အဆိုပါ အာမခံအတွက် Grab စီးနင်းသူများကို အခကြေးငွေအပိုမကောက်ဘဲ အရေးပေါ်မတော်တဆမှု အားလုံးအတွက် မြန်မာ့အာမခံလုပ်ငန်းက သတ်မှတ်ပေးထားသော နစ်နာကြေးများကို ယာဉ်မောင်းနှင့်ခရီးသည်များက အပြည့်အဝ ရယူခံစားနိုင်မည်ဖြစ်ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။ 

မိတ်ဖက်ယာဉ်မောင်းများနှင့် ခရီးသည်များအတွက် ယာဉ်မတော်တဆ ဖြစ်ပွားရာတွင် သေဆုံးခြင်း၊ ကိုယ်လက် အင်္ဂါဆုံးရှုံးခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်းတို့အတွက် နစ်နာကြေးပေးအပ်မည်ဖြစ်ပြီး တစ်ဦးလျှင် ထိခိုက်မှုအာမခံနစ်နာကြေး အမေရိကန်ဒေါ်လာ ၇,၅၀၀ နှင့် မြန်မာနိုင်ငံအတွင်း ထိခိုက်ဒဏ်ရာရရှိသူများအတွက် စုစုပေါင်းအမေရိကန် ဒေါ်လာ ၁၀ သန်းအထိ ပေးသွင်းထားကြောင်း Grab ထံမှ သိရသည်။

J-05