News

POST TYPE

NEWS

မန္တလေး ကျုံးဘေးတွင် Food Bank များတိုးချဲ့ထားရှိမည်
17-Jun-2019


မန္တလေး၊ ဇွန် ၁၇

အစားအသောက်များကို အများသူငါ အခမဲ့ယူဆောင်စားသောက်နိုင်မည့် Food Bank များကို မန္တလေးကျုံးဘေးတွင် တိုးချဲ့ထားရှိမည်ဖြစ်ကြောင်း ဝမ်းတူဝမ်းပြည်သူကူညီရေးအဖွဲ့ထံမှ သိရသည်။

မန္တလေးမြို့ ကျုံးအရှေ့ဘက်ခြမ်းတွင် အများသူငါစားသုံးနိုင်ရန်အတွက် Food Bank ကို ဇွန်လ ၁၀ ရက်နေ့က စတင်ထားရှိပေးခဲ့ပြီး ထပ်မံ၍ကျုံးအနောက်ဘက်ခြမ်း လမ်း ၈၀ ပေါ်တွင်ထပ်မံထားရှိသွားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့မှ ကိုဝမ်းက ပြောကြားသည်။

“စဖွင့်ကာစကတော့ စနစ်တကျမရှိပေမယ့် အခုတော့ တော်တော်ကိုစနစ်တကျဖြစ်လာပါပြီ။ အလှူရှင်တွေက အရမ်းများတော့ တစ်ချို့ရက်တွေမှာ ပေးလို့မနိုင်တာတွေ ဖြစ်လာတယ်။ ညနေသိမ်းတဲ့အခါဆိုရင် တစ်ချို့မုန်တွေဆိုမကုန်လို့ နောက်ရက်ကျမှ ပြန်ထားရတာတွေရှိတယ်။ အခုတော့ box တွေလုပ်နေတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ Food Bank ကို လမ်း ၈၀ လမ်း၊ ၁၄ လမ်းနှင့် ၁၅ လမ်း ကြားတွင် ထားရှိနိုင်ရန်နှင့် တစ်ပတ်အတွင်းထားရှိနိုင်ရန် ရည်ရွယ်ထားကြောင်း၊ Food Bank သို့ လာရောက်လှူဒါန်းထားရှိမှုများမှာ တစ်ရက်လျှင် အလှူရှင် ၃၀ ဦးခန့်ရှိနေကြောင်း ဝမ်းတူဝမ်းပြည်သူကူညီရေးအဖွဲ့ထံမှ သိရသည်။

M-05




  • VIA