News

POST TYPE

NEWS

သံလမ်း​ပေါ်အိပ်​​ပျော်​​နေသည့်​ မီးရထားဝန်​ထမ်း ရထားကြိတ်​သေဆုံး
17-Jun-2019

တောင်​ငူ၊ ဇွန်​ ၁၇

ပဲခူးတိုင်း​ဒေသကြီး အုတ်​တွင်းမြို့ နယ်​ ​​ညောင်​​ခြေ​ထောက်​မြို့ အမှတ်​ ၁ ရပ်​ကွက်​ ရန်​ကုန်​-မန္တလေး မီးရထားလမ်း​ပေါ်တွင်​ ဇွန်​လ ၁၆ ရက်​​နေ့ နံနက်​ ၅ နာရီခွဲခန့်​က မီးရထားဂိတ်​​စောင့်​ဝန်​ထမ်းတစ်​ဦး ရထားကြိတ်​မိ​ ​သေဆုံးခဲ့ကြောင်း ​ညောင်​​ခြေ​ထောက်​နယ်​​မြေရဲစခန်းမှ စုံစမ်းသိရသည်​။

ရန်​ကုန်​-မန္တလေး မီးရထားလမ်း မိုင်​တိုင်​ ၁၄၃ အနီး နေ့စားဂိတ်​​စောင့်​​ဝန်​ထမ်း အသက်​၂၀ အရွယ်​ ထက်​​လင်း​အောင်​ဆိုသူသည် သံလမ်း​ပေါ်အိပ်ပျော်ေ​နသဖြင့် သံထုံမှ​ အောင်​လံသို့ ကုန်တင်တွဲများ တင်​​ဆောင်​​​မောင်းနင်​လာသည့်​ စက်​​ခေါင်း အမှတ်​ DF 2038 (အဆန်​) ရထားက ဝင်ကြိတ်​မိခဲ့ခြင်းဖြစ်​ကြောင်း ညောင်​​ခြေ​ထောက်​နယ်​​မြေရဲစခန်းမှ စုံစမ်းသိရသည်​။

ယင်းအမှုကို ​ညောင်​​ခြေ​ထောက်​နယ်​​မြေရဲစခန်းမှ​ သေမှု​သေခင်း အမှတ်​ ၃/၂၀၁၉ ဖြင့်​ အမှုဖွင့်​လှစ်​စစ်ေ​ဆး​ဆောက်​ရွက်​ထား​ကြောင်း အဆိုပါရဲစခန်းမှ သိရသည်​။

R-15