News

POST TYPE

NEWS

မိုင်းဆတ်တွင် မူးယစ်ဆေးဝါးများနှင့်လက်နက်များဖမ်းမိ
16-Jun-2019

ကျိုင်းတုံ၊ဇွန် ၁၆ ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် မယ်ကြုတ် (၁) ကျေးရွာရှိ နေအိမ်တစ်လုံးတွင် ဇွန်လ ၁၄ ရက် နံနက် ၁၀ နာရီခွဲခန့်က မူးယစ်ဆေးဝါးများနှင့်လက်နက်များ ဖမ်းဆီးရမိကြောင်း မိုင်းဆတ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ “တပ်မတော် စစ်ကြောင်းက ဝင်ရောက်ရှာဖွေလို့ ဖမ်းဆီးရမိခဲ့တာပါ။ တရားခံက ထွက်ပြေး လွတ်မြောက်နေတယ်လို့ သိရသလို အမှုကိုလည်း ဒီမနက်မှ ဖွင့်လှစ်နိုင်ခဲ့တာပါ”ဟု ကျိုင်းတုံမြို့ ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ အဆိုပါဖြစ်စဉ်တွင် ထွက်ပြေးတိမ်းရှောင်နေသည့် ဦးကျကာ နေအိမ်အတွင်းမှ ကျပ် ၁၆၂ သိန်းကျပ်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၂၀၀ ပြား၊ အချိုရည်ပုလင်းများအတွင်းမှ ကျပ် ၇၆ သိန်းကျော်တန်ဖိုးရှိ ဘိန်းဖြူ သုည ဒသမ ၀၄၇ ကီလိုဂရမ်၊ ဆပ်ပြာခွက်များအတွင်းမှ ကျပ် ၂၃ သိန်းကျော်တန်ဖိုးရှိ ဘိန်းဖြူ ၁၄၄ ဂရမ်ခန့်၊ ကျပ် ၁၈ သိန်းခန့်တန်ဖိုးရှိ ကဖင်း ၁၈ ကီလို၊ ဝင်ချက်စတာ သေနတ်တစ်လက်နှင့် လေသေနတ်တစ်လက်တို့ကို ဖမ်းဆီးရမိခဲ့၍ ဦးကျကာကို မယ (ပ) ၆/၂၀၁၉၊မူး/စိတ်ပုဒ်မ-၁၉ (က)/ ၂၂(ခ)ဖြင့် အရေးယူထားသည်။

R-16

ဓာတ်ပုံ(KSM)