News

POST TYPE

NEWS

အပုပ်နံ့များ ထွက်နေသည့် တိုက်ခန်းကို ဝင်စစ်ဆေးရာမှ အမျိုးသားအလောင်းတွေ့
12-Jun-2019
ရန်ကုန်၊ ဇွန် ၁၁

အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်၊ ဆင်ရေကန်လမ်းရှိ ပထမထပ် တိုက်ခန်း တစ်ခန်းတွင် အပုပ်နံ့များ ထွက်နေသောကြောင့် ဇွန် ၁၀ ရက် ည ၈ နာရီခွဲက သက်ဆိုင်ရာတာဝန်ရှိသူများက ဝင်ရောက် စစ်ဆေးခဲ့ရာ ပုပ်ပွနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

ပုပ်ပွသေဆုံးနေသူမှာ ယင်းတိုက်ခန်းတွင် တစ်ဦးတည်းနေထိုင်သော အသက် ၆၇ နှစ်အရွယ်ရှိ ဦးညီညီဖြစ်ပြီး လူပျိုကြီးဖြစ်ကာ ကွန်ပျူတာနည်းပြဆရာ လုပ်ကိုင်နေသူဖြစ်ကြောင်း စုံစမ်းသိရှိရပြီး တိုက်ခန်းအနောက်ဘက် ရေချိုးခန်းအဝင်ဝတွင် ၎င်းမှာ ပြင်ပဒဏ်ရာမရှိဘဲ မှောက်လျက်အနေအထားဖြင့် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။

အဆိုပါ လူသေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် သိရှိရန် ပုပ်ပွနေသည့် ရုပ်အလောင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့အပ်ပြီး အလုံမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၆/၂၀၁၉ ဖြင့် ရေးဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

S-03



  • VIA