News

POST TYPE

NEWS

အမျိုးသားတစ်ဦးထံမှ ဘိန်းစိမ်းနှင့် ကျိုချက်ဒန်အိုး ဖမ်းမိ
27-May-2019

ဓာတ်ပုံ - ALS

ကျိုင်းတုံ၊မေ ၂၇

ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ပါဆတ်ရပ်ကွက်တွင် မေလ ၂၆ ရက် ညနေ ၆ နာရီ ၁၅ မိနစ်ခန့်က လမ်းလျှောက်လာသည့် အမျိုးသားတစ်ဦးထံမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း တာချီလိတ်မြို့ မူးယစ်တပ်ဖွဲ့စု (၃၀) ထံမှ သိရသည်။

“သတင်းအရ လမ်းကြားထဲမှာစောင့်နေချိန် သူ့ကျောပိုးအိတ်ထဲကနေ ဘိန်းစိမ်းကို ကျိုချက်ထားတဲ့ အဆင့်နိမ့်ဘိန်းနဲ့ ဘိန်းကျိုတဲ့ ဒန်အိုးကို ဖမ်းမိခဲ့တယ်”ဟု ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်တွင် ထွန်းထွန်းအောင် (ခ) လော်မန် (၂၉ နှစ်) ထံမှ ကျပ် ၇၅၀၀၀၀ တန်ဖိုးရှိ ကျိုချက်ပြီး ဘိန်းစိမ်း ၇၅၀ ဂရမ်ခန့်နှင့် ဘိန်းကျိုချက်သည့် ဒန်အိုးတစ်လုံးတို့ ဖမ်းဆီးရမိခဲ့၍ ၎င်းကို မယ (ပ)၇/၂၀၁၉၊ မူး/စိတ် ပုဒ်မ-၁၉ (က) ဖြင့် အရေးယူထားကြောင်း တာချီလိတ်မြို့မရဲစခန်းထံမှ သိရသည်။

R-16




  • VIA