News

POST TYPE

NEWS

မိုင်းခုတ်တွင် သားဖြစ်သူက အဖေကို တူမီးသေနတ်ဖြင့် ပစ်သတ်
26-May-2019

ကျိုင်းတုံ၊မေ ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် မိုင်းခုတ်မြို့ နားပေါ်ကျေးရွာတွင် မေလ ၂၅ ရက် နံနက် ၈ နာရီခွဲခန့်က သားဖြစ်သူက အဖေဖြစ်သူကိုတူမီးသေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း မိုင်းဆတ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

"သားအစ်ဖနှစ်ယောက် စကားများပြီး သူ့အဖေဗိုက်ကို တူမီးသေနတ်နဲ့တစ်ချက်ပစ်လိုက်တာ ပွဲချင်းပြီးသေဆုံးသွားတယ်။ တရားခံဖြစ်တဲ့သားကတော့ ထွက်ပြေးလွတ်မြောက်နေလို့ ဖမ်းဆီးရမိဖို့ စုံစမ်းနေတယ်"ဟု ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်တွင် ဦးရှဲချင်မီ(၆၉ နှစ်)သည် ဝမ်းဗိုက်တွင် သေနတ်ကျည် ပေါက်ထွက်ဒဏ်ရာတစ်ချက်ဖြင့် သေဆုံးခဲ့၍ ထွက်ပြေးတိမ်းရှောင်နေသည့် သားဖြစ်သူ ဒါရီ(၂၉ နှစ်) ကို (ပ) ၉/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့် အရေးယူထားကြောင်း မိုင်းခုတ်နယ်မြေရဲစခန်းထံမှ သိရသည်။

R-16