News

POST TYPE

NEWS

မင်းလှတွင် ၃နှစ်အရွယ် ကလေးငယ်တစ်ဦး မုဒိမ်းကျင့်ခံရ
18-May-2019
မကွေး၊ မေ ၁၈

မင်းလှမြို့နယ်၊ ရုံးရပ်မြောက်ပိုင်းတွင် အသက် ၃နှစ်အရွယ် ကလေးငယ်တစ်ဦးကို အဘိုးတော်စပ်သူက အိမ်သာအတွင်း ခေါ်ဆောင်ကာ မုဒိမ်းကျင့်ခဲ့သည်ဆိုသဖြင့် ကျူးလွန်သူဆိုသူကို ဖမ်းဆီးစစ်ဆေးနေကြောင်း ယင်းမြို့နယ်ရဲစခန်း ထံမှ သိရှိရသည်။

အဆိုပါ ကလေးငယ်၏ မိဘများနှင့် တူဝရီး(ဦးလေး)တော်စပ်သူ မင်းဘူးမြို့နယ်၊ ပက်ပယ်ရွာမှ ကိုတင်ထွေးဆိုသူသည် ပန်းရန်လုပ်ရန် မင်းလှမြို့သို့ရောက်လာခဲ့ပြီးနောက် မေလ ၁၇ ရက်၊ မွန်းလွဲပိုင်းတွင် မြေးတော်စပ်သူကို ယင်းသို့ပြုကျင့်ခဲ့သည်ဟု တရားလိုသက်သေနှင့် ကလေးငယ်က ထွက်ဆိုကြောင်း အဆိုပါရဲစခန်းထံမှ သိရှိရသည်။

အမှုနှင့်ပတ်သက်၍ ကိုတင်ထွေးဆိုသူကို ကလေးငယ်၏မိခင်ဖြစ်သူက တရားလိုပြုလုပ်တိုင်ကြားသဖြင့် မင်းလှမြို့နယ် မြို့မရဲစခန်းက (ပ)၁၉၆/၂၀၁၉၊ အမှုကြီး အမှတ်စဉ် ၄/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ဖမ်းဆီးပြီး စစ်ဆေးလျက် ရှိကြောင်း ယင်းရဲစခန်းထံမှ သိရှိသည်။

R-23