News

POST TYPE

NEWS

မင်းကင်းတွင် အမြန်ရေယာဉ်ပေါ်မှ ခရီးသည်နှစ်ဦး ပြုတ်ကျပျောက်ဆုံး
16-May-2019



မုံရွာ၊ မေ ၁၆

ခန္တီးမြို့မှ မုံရွာမြို့သို့ ထွက်ခွာသည့် အမြန်ရေယာဉ်တစ်စင်းပေါ်တွင် သန့်စင်ခန်းသို့သွားသည့် ခရီးသည်နှစ်ဦး ရေယာဉ်ပေါ်မှ မြစ်ထဲသို့ပြုတ်ကျပျောက်ဆုံးမှု မေလ ၁၆ ရက်နေ့ နံနက်က ဖြစ်ပွားခဲ့ကြောင်း ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဦးစီးမှူးရုံးမှ စုံစမ်းသိရှိရသည်။ 

“မင်းကင်း ရစက ကနေ သတင်းပို့လာတာရှိပါတယ်၊ အသေးစိတ်မသိရသေးပါဘူး”ဟု အဆိုပါဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါခရီးသည်နှစ်ဦးမှာ မင်းကင်းမြို့အနီး လောင်းပြည့်ကျေးရွာအနီး ပြုတ်ကျပျောက်ဆုံးနေခြင်းဖြစ်သည်။ 

ချင်းတွင်းမြစ်အတွင်း အထက်ပိုင်းမှစုန်လာသော မင်းသီဟကျော် အမြန်ရေယာဉ်ပေါ်တွင်လိုက်ပါလာသည့် ခရီးသည်အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးမှာ မြစ်ထဲသို့ပြုတ်ကျပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး မေလ ၁၆ ရက်နေ့ ညနေပိုင်းအထိ ရှာဖွေမှုများကိုလုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများနှင့် ကူညီဆောင်ရွက်နေသူများထံမှ သိရသည်။ 

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အမြန်ရေယာဉ်မှတာဝန်ရှိသူများကို အမှုဖွင့်အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း မင်းကင်းမြို့၊ ပုဂ္ဂလိကရေယာဉ်များစနစ်တကျပြေးဆွဲရေးကော်မတီဥက္ကဋ္ဌ ဦးမန်းရီက ပြောကြားသည်။ 

R-08