News

POST TYPE

NEWS

ကျူးကျော်၊ အိုးခွဲအိမ်ခွဲများအတွက် အထပ်မြင့် သို့မဟုတ် မြေကွက် စီစဉ်နေဟု နေပြည်တော်စည်ပင် ဆို
16-May-2019

နေပြည်တော်၊ မေ ၁၅

နေပြည်တော်တွင် ကျူးကျော်နေအိမ် ကိုးရာကျော်နှင့် အိုးခွဲအိမ်ခွဲများ၊ မြေအစား ပြန်မရသေးသည့်သူများအတွက် အထပ်မြင့် သို့မဟုတ် မြေကွက်တစ်ခုခုကို စီစဉ်သွားမည်ဖြစ်ကြောင်း နေပြည်တော်စည်ပင် သာယာရေးကော်မတီမှ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောကြားသည်။

“သူတို့တွေ အတွက်ကို ပလန် (Plan) တွေ လုပ်နေပါတယ်။ ထွက်လာတဲ့ အပေါ်မှာ မြေကွက်တွေ ပေးမှာလား၊ အထပ်မြင့် အဆောက်အအုံဆောက်ပြီး ဆောင်ရွက်ပေးမလားဆိုတာကို မူဝါက သီးခြား မထွက်လာသေးပါဘူး”ဟု ၎င်းက ဆိုသည်။

နေပြည်တော်ကောင်စီ၏ တတိယတစ်နှစ်တာ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာနတွင် ယနေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျူးအနေနဲ့က ၉၀၀ ကျော်ရှိပါတယ်”ဟု ၎င်းက အတည်ပြုပြောဆိုသည်။

ယင်းကိစ္စကို နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် စည်ပင်ကော်မတီဝင်များဦးစီး၍ ဘတ်ဂျက်အပေါ်မူတည်ကာ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

အိုးခွဲ၊ အိမ်ခွဲများ၊ မြေအစားမရသေးသူများအတွက် အစီအစဉ်ဆွဲနေပြီဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ယင်းအစီအစဉ်ထွက်ရှိလာပါက အကြောင်းပြန်ကြားပေးမည်ဖြစ်ပြီး လက်ရှိ အစိုးရသက်တမ်းတွင် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း အမြဲတမ်းအတွင်းဝန်က ရှင်းပြခဲ့သည်။  

S-01