News

POST TYPE

NEWS

သွေးသွင်းကုသရာမှ HIV ပိုး ကူးစက်ခဲ့ကြောင်း ဘရွန်ဂရက်ဆေးရုံ ဝန်ခံ
15-May-2019



ဘန်ကောက်၊ မေ ၁၄

ကင်ဆာရောဂါ ခံစားနေရသော လူနာကို သွေးသွင်းကုသရာမှ HIV ပိုး ကူးစက်ခဲ့သည်ဟု ဘရွန်ဂရက် နိုင်ငံတကာ ဆေးရုံက ဝန်ခံလိုက်ကြောင်း Bangkok Post သတင်းတွင် ဖော်ပြထားသည်။

အသက် ၂၄ နှစ်အရွယ် အမျိုးသား လူနာတစ်ဦးအား leukaemia ရောဂါကို ကုသရန်အတွက် သွေးသွင်းရာတွင် HIV ပိုး ကူးစက်ခဲ့သည်ဆိုသော မီဒီယာသတင်းများကို ဘရွန်ဂရက်ဆေးရုံ စီမံအုပ်ချုပ်ရေးဌာနက ကြာသပတေးနေ့တွင် အတည်ပြုခဲ့သည်။

သွေးလှူရှင်များနှင့် လှူသော သွေးများကို စစ်ဆေးရာတွင် စံနှုန်းမြင့်မားသည့် ထိုင်းကြက်ခြေနီအသင်း၏ အမျိုးသား သွေးလှူဘဏ်မှ သွေးကို ဆေးရုံက လက်ခံရရှိခဲ့ခြင်းဖြစ်သည်ဟု အဆိုပါသတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

သွေးလှူရာမှတစ်ဆင့် HIV ပိုး ကူးစက်မှုသည် ဖြစ်နိုင်ခြေရှိသော်လည်း ဖြစ်တောင့်ဖြစ်ခဲဖြစ်ပြီး HIV ပိုးကူးစက် ခံထားရသော သွေးလှူရှင်များတွင် သွေးစစ်မှုအဖြေ negative ပြသသော အချိန်ကာလတွင် ဖြစ်နိုင်သည်ဟု သတင်းထုတ်ပြန်ချက်က ဆိုသည်။

သွေးသွင်းမည့်လူနာများအား ထိုအချက်အလက်ကို အသိပေးထားပြီး ဘေးသင့်နိုင်ခြေကို တရားဝင်သိရှိ လက်ခံခြင်းဖြစ်သည်ဟု သိရှိရသည်။

ယခု HIV ပိုး ကူးစက်ခံရသော သွေးကင်ဆာလူနာကို ၎င်း အသက် ၉ နှစ်အရွယ် ၂၀၀၄ ခုနှစ်ကတည်းက ကုသခဲ့ခြင်းဖြစ်သည်။ ဘရွန်ဂရက်ဆေးရုံသည် ပြီးခဲ့သော ဆယ်နှစ်အတွင်း AIDS ဝေဒနာရှင် လူနာများကို ၂၆၆ ကြိမ် ကုသပေးခဲ့ပြီး ကုန်ကျစရိတ်မှာ သန်းဂဏန်းရှိသည်။

ယခု မမျှော်လင့်ဘဲ HIV ပိုး ကူးစက်ခံရသော လူနာကို နောက်ပိုင်းတွင် ဆက်လက်ကုသပေးသွားမည်ဟု ဆေးရုံအုပ်ချုပ်ရေးဌာနက ပြောကြားသည်။ 

F-04