News

POST TYPE

NEWS

တရားရုံးတွင် ဦးနေမျိုးဇင်အား လက်ထိပ်ဖြုတ်စစ်ဆေးပေးရန်တောင်းဆို
10-May-2019


တိုက်ကြီး၊ မေ ၁၀

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ထောက်ခံဆန္ဒပြပွဲတွင် တပ်မတော်၏ ဂုဏ်သိက္ခာနှင့်ပုံရိပ်ကျဆင်းစေရန် ရည်ရွယ်ဟောပြောခဲ့ခြင်းကြောင့် ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခံထားရသော ဦးနေမျိုးဇင်အား ယနေ့ တိုက်ကြီးတရားရုံးတွင်  ရုံးထုတ်စစ်ဆေးရာ တရားခွင်အတွင်း လက်ထိပ်ဖြုတ် စစ်ဆေးပေးရန် ၎င်း၏ရှေ့နေ ဦးရောဘက်စန်းအောင်က တောင်းဆိုလိုက်သည်။

၎င်းအမှုမှာ အားမခံပေး၍ မရသော အမူဖြစ်သော်လည်း အင်းစိန်ထောင်မှ တိုက်ကြီးတရားရုံးသို့ ရုံးထုတ်စဉ် လုံးခြုံရေးအရ လက်ထိပ် ခတ်ပိုင်ခွင့်ရှိသော်လည်း တရားခွင်အတွင်း လက်ထိပ်ဖြုတ် စစ်ဆေးရန်  တရားခွင်တွင် တောင်းဆိုလိုက်ခြင်းဖြစ်သည်။ 

ယနေ့ ရုံးထုတ်တွင် ရန်ကုန်၊ သန်လျင်မြို့နှင့် တိုက်ကြီး၊ အဖျောက်မြို့တို့မှ တက်ကြွလှုပ်ရှားသူအချို့က “ကိုနေမျိုးဇင်လွတ်မြောက်ပါစေ” စာတန်းပါ တူညီအင်္ကျီများ ဝတ်ဆင်ခဲ့ကြသည်။

R-19




  • VIA