News

POST TYPE

NEWS

မြစ်ကြီးနားအကျဉ်းထောင်အတွင်း ဆူပူမှုဖြစ်
09-May-2019



မြစ်ကြီးနား၊ မေ ၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြစ်ကြီးနား အကျဉ်းထောင်တွင် ယနေ့ (မေလ ၉ ရက်) နံနက်ပိုင်းက အကျဉ်းသားများ ဆန္ဒပြမှုကြောင့် ထောင်တွင်းဆူပူမှုများ ဖြစ်ပွားလျက်ရှိကြောင်း ယင်းဒေသခံများထံမှ သိရသည်။ 

ယင်းသို့မြစ်ကြီးနားအကျဉ်းထောင်တွင် အကျဉ်းသားများ ဆန္ဒပြဆူပူမှုဖြစ်ပွားခဲ့သည့်အတွက် မြစ်ကြီးနားအကျဉ်း ထောင်ပြင်ပ၌ ရဲတပ်ဖွဲ့က လုံခြုံရေးရယူပေးလျက်ရှိသည်။

ဆန္ဒပြရခြင်းမှာ နိုင်ငံတော်သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ရာတွင် ပြန်လည်လွတ်မြောက်ခွင့်မရရှိခဲ့သူများက အကျဉ်းသားများ တန်းတူညီမျှအခွင့်အရေး ရရှိရေးအတွက် တောင်းဆိုကြခြင်းဖြစ်နိုင်ကြောင်း ယင်းအနီးဝန်းကျင်တွင် ရောက်ရှိနေသည့် ထောင်ဝင်စာလာရောက်တွေ့ဆုံသူများနှင့် ဒေသခံများက ပြောကြားသည်။ 

ယမန်နေ့ကလည်း မော်လိုက်ကလေးအကျဉ်းထောင်နှင့် ရွှေဘိုအကျဉ်းထောင်တို့တွင် ထောင်ဆူမှုများဖြစ်ပွားခဲ့သည်။