News

POST TYPE

NEWS

ကလေးမြို့ မော်လိုက်ကလေး အကျဉ်းထောင် ထောင်တွင်းဆူပူမှု ပြေလည်မှုရရှိ
08-May-2019



ကလေး၊ မေ ၈

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် မော်လိုက်ကလေး အကျဉ်းထောင် အတွင်းရှိ ထောင်သားများ လွတ်ငြိမ်းချမ်းသာခွင့်ရရှိရေး ထောင်အတွင်း ဆူပူမှုဖြစ်ပွားခဲ့ပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပြီးပြေလည်မှု ရရှိသွားပြီဖြစ်ကြောင်း ကလေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။ 

မေလ ၈ ရက်နေ့ နံနက် ၉ နာရီကျော် အချိန်မှ စတင်ကာ မော်လိုက်ကလေးအကျဉ်းထောင်အတွင်းရှိ အမျိုးသမီးအဆောင်မှ စတင် ဆူပူမှုဖြစ်ပေါ်ခဲ့ပြီး ၁၅ မိနစ်ခန့် အကြာ နှစ်ကြိမ် နိုင်ငံတော်သီချင်းများကို တစ်ထောင်လုံး အော်ဟစ်သီဆိုခဲ့ပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့် ရရှိရေ အပါအဝင် အချက်လေးချက်ကို တောင်းဆိုခဲ့ကြသည်။

၎င်းတို့ တောင်းဆိုသည့် အချက်လေးချက်မှာ လွတ်ငြိမ်းချမ်းသာခွင့် ရရှိရေး၊ လူ့အခွင့်အရေးကော်မရှင် ချက်ခြင်းခေါ်ယူပေး၊ အစိုးရတာဝန်ရှိသူတွေ ချက်ချင်း ခေါ်ယူပေးနှင့် မီဒီယာခေါ်ယူပေးရေးဖြစ်သည်။

“တာဝန်ရှိသူတွေ စုပေါင်းပြီးတော့ အဆောင်တစ်ခုချင်းဆီ အလိုက်လိုက်တွေ့လိုက်တယ်။ တွေ့ပြီးတော့ သူတို့ တင်ပြတဲ့ အချက်တွေကို တရားဝင် စာနဲ့လည်း ကျွန်တော်တို့ဘက်က သမ္မတဆီပို့ပေးမယ်။ဝန်ကြီးချုပ်ကနေ တစ်ဆင့်လည်း သမ္မတထံ တင်ပြပေးဖို့ ဝန်ကြီးချုပ်ထံလည်း တိုက်ရိုက်တင်ပြလိုက်တယ်။ အဲ့ဒါနဲ့ သူတို့အားလုံးလည်း ကျေနပ်သွားပါတယ်”ဟု ကလေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှူး ဦးညီညီက ပြောသည်။