News

POST TYPE

NEWS

ရိုက်တာသတင်းထောက်နှစ်ဦး အင်းစိန်ထောင်မှ ပြန်လွတ်
07-May-2019

ရန်ကုန်၊ မတ် ၇ 

နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေဖောက်ဖျက်သည်ဟုဆိုကာ ထောင်ဒဏ် ၇ နှစ်ချမှတ်ခံရသော ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်သည့် ကိုဝလုံးနှင့် ကျော်စိုးဦး နိုင်ငံတော်သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်နှင့် အင်းစိန်ထောင်က ပြန်လည် လွတ်မြောက်လာပြီး ဖြစ်ကြောင်း အကျဉ်းဦးစီးမှ တာဝန်ရှိသူကပြောကြားသည်။

“ရိုက်တာသတင်းထောက် နှစ်ယောက်က မနက် ၉ နာရီမှာ လွှတ်ပေးလိုက်တယ်။”ဟု ၎င်းကဆိုသည်။

အင်းစိန်အကျဉ်းထောင်တွင် အကျဉ်းသူ၊ အကျဉ်းသား ၃၀၀ ကျော် လွတ်ငြိမ်းချမ်းသာခွင့်ရရှှိပြီး ၊ မူးယစ်ဆေးဝါးမှုဖြင့် ပြန်လည် လွတ်မြောက်သူ များသည်ဟု ၎င်းကဆိုသည်။

“ ဝလုံးနဲ့ ကျော်စိုးဦး ဒီနေ့ လွှတ်ပြီး ၊ အမအခုသွားနေတာ “ သတင်းထောက်ကို ဝလုံးအမျိုးသမီး မပန်းအိကပြောကြားသည်။

အကျဉ်းထောင်အသီးသီးမှ အကျဉ်းသူ ၊ အကျဉ်းသား စုစုပေါင်း ၆၅၂၀ ဦးအား ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁ ၊ ပုဒ်မခွဲ (၁) အရ စည်းကမ်းသတ်မှတ်တချက် မထားဘဲ လွတ်ငြိမ်းချမ်းသာခွင့်ကို မတ်လ ၇ ရက်က တတိယအကြိမ် လွှတ်ပေးခဲ့သည်။

J-18