News

POST TYPE

NEWS

ချောက်တွင် ယခင် စံချိန်ဟောင်း အပူချိန် ၄၆ ဒသမ ၄ ဒီဂရီစင်တီဂရိတ် အထိ ရောက်ရှိ
26-Apr-2019



ချောက်၊ ဧပြီ ၂၆

မကွေးတိုင်းဒေသကြီး ချောက်မြို့တွင် ဧပြီလ ၂၅ ရက်နေ့ တိုင်းထွာချက်အရ ယခင် ၂၀၁၂ ခုနှစ် နှင့် ၂၀၁၆ ခုနှစ်တွင် စံချိန်တင်ခဲ့သော အမြင့်ဆုံးအပူချိန် ၄၆ ဒသမ ၄ ဒီဂရီ စင်တီဂရိတ်အထိ ရောက်ရှိသည်ဟု ယင်းမြို့ မိုးလေဝသနှင့် ဇလဗေဒ တိုင်းထွာရေးစခန်း စခန်းမှူးထံမှ သိရသည်။

မိုးလေဝသနှင့် ဇလဗေဒ တိုင်းထွာရေးစခန်း စခန်းမှူး ဒေါ်ဆွေဇင်ဖြိုးက ''ယခင် စံချိန်တင်သတ်မှတ်ထားတဲ့ နေ့အပူချိန် ၄၆ ဒသမ ၄ ဒီဂရီ စင်တီဂရိတ်အထိ စံချိန်တင်အပူချိန် သတ်မှတ်ထားတဲ့ နေ့အပူချိန်အထိ ရောက်တယ်'' ဟု ပြောကြားသည်။

ယင်းမြို့တွင် ဧပြီလ ၁၈ ရက်နေ့တွင် နေ့အပူချိန်များ ၄၄ ဒီဂရီစင်တီဂရိတ်မှ တစ်ရက်အတွင်း ၂ ဒီဂရီ စင်တီဂရိတ်အထိ မြင့်တတ်လာခဲ့သောကြောင့် ဧပြီလ ၁၉ ရက်နေ့မှ စတင်ပြီး ၄၆ ဒီဂရီစင်တီဂရိတ်အထိ မြင့်တတ်လာသည်။

ဧပြီလ ၂၃ ရက်နေ့တွင် ၄၄ ဒီဂရီစင်တီဂရိတ်၊ ၂၄ ရက်နေ့တွင် ၄၅ ဒီဂရီစင်တီဂရိတ် နေ့အပူချိန်ဖြစ်ကြောင်းနှင့် ဧပြီလ ၂၆ ရက်နေ့တွင် ၄၆ ဒသမ ၄ ဒီဂရီစင်တီဂရိတ်အထိ နေ့အပူချိန် ဆက်လက်မြင့်တက်လာခြင်းဖြစ်သည်ဟု ယင်းမြို့ မိုးလေဝသနှင့် ဇလဗေဒတိုင်းထွာရေးစခန်းမှ သိရသည်။

R-24

ဓါတ်ပုံ-နေနိုင်