News

POST TYPE

NEWS

သူငယ်ချင်းအချင်းချင် အရက်အတူသောက် သောက်ရာမှ လူသတ်မှုဖြစ်
26-Apr-2019
ကျိုင်းတုံ၊ ဧပြီ ၂၆

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့ မယ်ဆွမ်တောင်ရပ်ကွက် နောင်ဟီးရပ်ရှိ နေအိမ်တစ်လုံးတွင် ဧပြီလ ၂၄ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်က အရက်အတူသောက်နေသည့် သူငယ်ချင်းအချင်းချင်း ဓားဖြင့်ထိုး၍ တစ်ဦးသေဆုံးခဲ့ကြောင်း ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

"ရေတွင်းအတူတူးပြီး သူငယ်ချင်းနှစ်ယောက် အရက်သောက်ချိန် စကားများရာကနေ ဓားနဲ့ထိုးတာပါ။ တရားခံကို ဖမ်းမိထားသလို ဒဏ်ရာရသူကို ဆေးရုံပို့ခဲ့ပေမယ့် သေဆုံးသွားတယ်"ဟု၎င်းကဆိုသည်။

အဆိုပါလူသတ်မှုကို အရိုးအသွား ၁၄ ဒသမ ၅ လက်မခန့်ရှိ ဓားဦးချွန်ဖြင့် အထိုးခံရ၍ သန့်ဇင်ဦး (၄၃) နှစ်သည် ယာဘက်ရင်အုံ ထိုးသွင်းဒဏ်ရာတစ်ချက်ရရှိကာ သေဆုံးခဲ့၍ ဝင်းဇော်ထွန်း (၃၉) နှစ်ကို (ပ) ၇၄/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ-၃၀၂ ဖြင့် အရေးယူထားကြောင်း မိုင်းဆတ်မြို့မရဲစခန်းထံမှ သိရသည်။

R-16