News

POST TYPE

NEWS

ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် Land Cruiser ကားတစ်စီးမီးလောင်
25-Apr-2019



မိတ္ထီလာ၊ ဧပြီ ၂၅

မိတ္တီလာမြို့နယ် မြာကျေးရွာအုပ်စု ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင် (၃၃၁) မိုင်နှင့် တစ်ဖာလုံခန့်တွင် ဧပြီလ ၂၅ ရက်နေ့ နံနက် ၃ နာရီ ၄၀ ခန့်က Land Cruiser ကားတစ်စီးမီးလောင်ခဲ့ကြောင်း မိတ္ထီလာခရိုင် မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။



အဆိုပါအဖြူရောင် Toyota Land Cruiser ကားသည် မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်နေစဉ် ယာဉ်မောင်း (စုံစမ်းဆဲ) အိပ်ငိုက်ပြီး လမ်းဘေးရှိ My tel ဖုန်းတိုင်ကို ဝင်တိုက်မိခဲ့ရာမှ ကားမီးလောင်မှု ဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းထွက်ပြေးသွားကြောင်း ယင်းတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါမီးလောင်မှုနှင့်ပတ်သက်၍ ယာဉ်မောင်း (စုံစမ်းဆဲ) ကို မိတ္ထီလာမြို့မရဲစခန်းက ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

R-01

ဓာတ်ပုံ - မိတ္ထီလာခရိုင်မီးသတ်တပ်ဖွဲ့