News

POST TYPE

NEWS

မြန်မာအစိုးရကို ၂၀၀၄ ခုနှစ်တုန်းက ဘတ်ငွေ လေးဘီလီယံ ချေးခဲ့မှုအတွက် ထောင်ဒဏ်သုံးနှစ် ချမှတ်ခံလိုက်ရတဲ့ သက်ဆင်
24-Apr-2019



ထိုင်းဗဟိုတရားရုံးချုပ်ဟာ မြန်မာနိုင်ငံကို ထိုင်းဘတ်ငွေ လေးဘီလီယံ ချေးခဲ့မှုအတွက် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို မျက်ကွယ်ထောင်ဒဏ် သုံးနှစ် ထပ်မံချမှတ်လိုက်ပြီ ဖြစ်ပါတယ်။

ထိုင်းဗဟိုတရားရုံးချုပ်ဟာ ဒီစီရင်ချက်ကို ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့က ချမှတ်လိုက်တာဖြစ်တယ်လို့ ဘန်ကောက်ပို့စ်သတင်းစာက ရေးသားထားပါတယ်။ 

ထိုင်းဗဟိုတရားရုံးချုပ်ဟာ သက်ဆင်အနေနဲ့ မြန်မာနိုင်ငံကို ငွေချေးခဲ့တဲ့ကိစ္စမှာ အာဏာကို အလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးရှာဖွေတာတွေရှိခဲ့တယ်လို့ ဆုံးဖြတ်ချက်ချပြီး အခုလို ထောင်ဒဏ်သုံးနှစ် စီရင်ချက်ချမှတ်လိုက်တာဖြစ်ပါတယ်။

အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအသင်းရဲ့ပိုင်ရှင်ဟောင်းတစ်ဦးဖြစ်တဲ့ သက်ဆင်ဟာ လက်ရှိမှာတော့ အာဏာအလွဲသုံးစားပြုမှု၊ အဂတ်လိုက်စားမှုတွေနဲ့ အပြစ်ပေးခံနေရပြီး ပြည်ပနိုင်ငံတွေဆီ ထွက်ပြေးတိမ်းရှောင်နေပါတယ်။

သက်ဆင်ဟာ ၂၀၀၄ ခုနှစ်မှာ အိတ်ဇင်းဘဏ်ကနေတစ်ဆင့် မြန်မာနိုင်ငံကို ထိုင်းဘတ်ငွေ လေးဘီလီယံ ချေးခဲ့ရာမှာ အတိုးနှုန်းကို သုံးရာခိုင်နှုန်းသာ ရယူပြီး နှုန်းထားပမာဏ ချိုသာစွာနဲ့ ချေးပေးခဲ့တာဖြစ်ပါတယ်။

အပြန်အလှန်အနေနဲ့ မြန်မာဘက်က ဆက်သွယ်ရေးဆိုင်ရာ ကုန်ပစ္စည်းတွေကို ဝယ်ယူရာမှာ သက်ဆင်တဲ့မျိုးနွယ်ဖြစ်တဲ့ ရှင်နာဝပ်မျိုးနွယ်ကနေ ရှယ်ယာထည့်ဝင်ထားတဲ့Shin Satellite စီးပွားရေးလုပ်ငန်းစုဆီကနေသာ ၀ယ်ယူဖို့ သဘောတူညီပေးခဲ့ရတယ်လို့ သတင်းတွေက ဆိုပါတယ်။

ဒီကိစ္စမှာ ထိုင်းဘဏ္ဍာရေးဝန်ကြီးဌာနအတွက် နစ်နာခဲ့ရတဲ့ ဘတ်ငွေပမာဏဟာ ၁၈၉ သန်းကျော် ရှိခဲ့ပါတယ်။

မြန်မာအစိုးရဟာ ချေးယူခဲ့တဲ့ ဘတ်ငွေ လေးဘီယံအနက်ကနေ သန်း ၄၀၀ ကို Shin Satellite စီးပွားရေးလုပ်ငန်းစူကနေ ထုတ်လုပ်ရောင်းချတဲ့ ဆက်သွယ်ရေးပစ္စည်းတွေကို ၀ယ်ယူရာမှာ သုံးစွဲခဲ့ပါတယ်။