News

POST TYPE

NEWS

အသက် ၇၀ အလေးမအားကစားမယ် ပေါင် ၃၀၀ ကျော်ကို ဘယ်လိုမလိုက်သလဲ
21-Apr-2019



အမေရိကန်ပြည်ထောင်စု အာကန်ဆက်ပြည်နယ်သူ အမျိုးသမီးကြီးတစ်ဦးကို လူသန်ကြီးဟုခ်ဘွားဘွား Granny Hulk ဆိုပြီး အမည်ပေးထားပါတယ်။

ရှာရီမိုဘလီလို့အမည်ရတဲ့ အမျိုးသမီးကြီးဟာ အသက် ၇၀ ပြည့်ဖို့ သုံးလပဲ လိုတော့တာဖြစ်ပါတယ်။

၃၀၅ ပေါင်လေးတဲ့ အလေးကြီးကို မပြလိုက်ပြီး သူဟာ သူ့အရွယ်တန်းမှာ ရှိတဲ့စံချိန်ကို ချိုးပြလိုက်တာပဲ ဖြစ်ပါတယ်။

ကိုယ်အလေးချိန် ၁၂၃ ပေါင်ရှိတဲ့ ဘွားဘွားဟာ အသက် ၆၀ မှာ စပြီး အလေးမ အားကစားကို လိုက်စားခဲ့တာ ဖြစ်ပါတယ်။ အရိုးပွရောဂါကို တန်ပြန်နိုင်ဖို့ အားကစားလေ့ကျင့်ခဲ့တာလို့ ပြောပါတယ်။

ကိုယ့်အသက်ဆိုတာ ကိုယ့်စိတ်ထားနဲ့ပဲ ဆိုင်ပါတယ်လို့ ပြောတဲ့အမျိုးသမီးကြီးဟာ စံချိန်တွေကိုလည်း ထပ်ချိုးသွားဦးမယ်လို့ ပြောပါတယ်။

“ဒါက ကျွန်မရဲ့ အားတက်ချက်ပါ။ ဒီလိုပဲ ရှေ့ဆက်ရမှာဖြစ်ပါတယ်။ အိမ်မှာ အိပ်နေမယ်ဆိုရင်တော့ လုပ်နိုင်မှာမဟုတ်ပါဘူး”လို့ မိုဘလီက ပြောကြားခဲ့ပါတယ်။ 

F-02