News

POST TYPE

NEWS

ဆေးလိပ်မီးကြောင့် စတိုးတစ်ဆိုင် မီးလောင်ကျွမ်း
19-Apr-2019

ပုသိမ်၊ ဧပြီလ ၁၉

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အမှတ် ၆ ရပ်ကွက် တဂေါင်းဘုရားလမ်းရှိ ဈာန်ဈာန်ကလေးပစ္စည်းများ ရောင်းချသည့်စတိုးတွင် ဧပြီလ ၁၈ ရက်နေ့ ည ၈ နာရီကျော်က ဆေးလိပ်မီးမှတစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ပုသိမ်ခရိုင် မီးသတ်ဦးစီးဌာနမှသိရသည်။

နေအိမ်စတိုးဆိုင် အပေါ်ထပ်ရှိ အိပ်ယာဘေးတွင် ဆေးလိပ်မီးမသတ်ဘဲ ထားခဲ့ရာမှ စောင်နှင့် ခြင်ထောင်ကို မီးကူးဆက်ပြီး လောင်ကျွမ်ခဲ့ရာ ပျဉ်ခင်းသွပ်မိုး အုတ်ကာ နေအိမ်တစ်လုံး မီးလောင်ကျွမ်းပျက်စီးခဲ့ပြီး ကာလတန်ဖိုး ၁၃ သိန်းကျော် ဆုံးရှုံးခဲ့ကြောင်း တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၏ သတင်းဖော်ပြချက်တွင်ပါရှိသည်။

“ပုသိမ်နယ်မြေ မီးသတ်စခန်းကို တာဝန်သိပြည်သူတစ်ဦးက ကိုယ်တိုင် လာသတင်းပို့တာပါ။ လူတိရစ္ဆာန် သေဆုံးပျက်စီးတာမရှိပါဘူး”ဟု ပုသိမ်ခရိုင် မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးကျော်သူရက The Voice သို့ ပြောသည်။

ယင်းမီးလောင်ကျွမ်းမှုနှင့်ပတ်သတ်၍ ဆေးလိပ်မီးမသတ်ဘဲထားခဲ့သူ မောင်မင်းမင်းစိုးကို ပုသိမ်နယ်မြေ ရဲစခန်းတွင် မီးပေါ့ဆမှု ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိသည်။

R-12