News

POST TYPE

NEWS

ထိန်းချုပ်ဓာတုဆေးဝါး သယ်ဆောင်လာသူ ၄ ဦးကို မူဆယ်တွင်ဖမ်းမိ
19-Apr-2019

လားရှိုး၊ ဧပြီ ၁၉

ရှမ်းပြည်နယ် မြောက်ပိုင်းမူဆယ်မြို့တွင် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ထိန်းချုပ်ဓာတုဆေးရည်များနှင့် ဆက်စပ်ပစ္စည်းများ သယ်ဆောင်လာသူ ၄ ဦးကိ ုဖမ်းဆီးရမိခဲ့ကြောင်း မူဆယ်အခြေစိုက် အမှတ် ၂၂ မူးယစ်တပ်ဖွဲ့ (လှုပ်ရှား) ထံမှ သိရပါသည်။

မူဆယ်မြို့ ပန်ခမ်းရပ် အိမ်အမှတ် ပ ခ/ ၆ ကို ဧပြီလ ၁၇ ရက်နေ့ ည ၇ နာရီတွင် သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွရာ အပြာရောင် ပလပ်စတစ်ပေပါ ၃ လုံးထဲမှာ ဟိုက်ဒရိုကလိုရစ်အက်စစ်၊ အီသိုင်းအယ်ကိုဟောတွေ အရည်များကိုတွေ့ရှိခဲ့ပြီး ကာလတန်ကြေး ကျပ်သိန်း ၁၁၅၆ ရှိကြေင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အိမ်ရှင်ဖြစ်သူကို တင်မင်း (ခ) ဝင်းမင်းကို စစ်ဆေးချက်အရ နမ့်ခမ်း-မူဆယ်ကားလမ်း ဖိုင်ခမ်းရွာအနီးတွင် ရပ်နားထားသော မော်တော်ယဉ် ၂ စီးပေါ်တွင် ခေါက်ဆွဲဂျပ်ဖာ စက္ကူအဟောင်းများ မုန့်ဂျပ်ဖာစက္ကူအဟောင်းများဖြင့် ဖုံးအုပ်ထားသည့် မူးယစ်ဆေးဝါးချက်ရာ၌ အသုံးပြုသော သံမွှေစက် ၂ လုံးကို ထပ်မံ သိမ်းဆည်းနိုင်ခဲ့ကြောင်း ရဲအရာရှိတစ်ဦးကဆိုသည်။

မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ထိန်းချုပ်ဓာတုဆေးဝါးများ လက်ခံသိမ်းဆည်းထားသူနှင့် သယ်ဆောင်လာသူ ၄ ဦးကို မူဆယ် မြို့မရဲစခန်းတွင် ပထမ သတင်းပေးချက်အမှတ် ၄၉/ ၂၀၁၉ ဖွင့်လှစ်၍ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သည့် ဆေးဝါးများ ဥပဒေပုဒ်မ ၁၆ (ခ)/ ၂၁ အရ အမှုဖွင့်ထားသည်။

R-07