News

POST TYPE

NEWS

အမြန်လမ်းတွင် အိမ်စီးယာဉ်တစ်စီး မီးလောင်
17-Apr-2019


တောင်ငူ၊ ဧပြီ ၁၇

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၃၁၉ အနီး၌ ယနေ့ မွန်းလွဲ ၁၂ နာရီ၂၀ မိနစ်ခန့်က အိမ်စီးယာဉ်တစ်စီးမီးလောင် ပျက်စီးခဲ့သည်ဟု အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ ထုတ်ပြန်သည်။

အဆိုပါယာဉ်ကို ဦးကျော်မိုးဆိုသူ မောင်းနှင်ပြီး ယာဉ်ပေါ်တွင် အမျိုးသား ၆ ဦး၊ အမျိုးသမီး ၅ ဦး လိုက်ပါလာကာ အမြန်လမ်းအတိုင်း မန္တလေးဘက်မှ နေပြည်တော်ဘက်သို့ မောင်းနှင်လာစဉ် ယာဉ်နောက်ဘက်မှ မီးခိုများ ထွက်လာသည့်အတွက် ယာဉ်ပေါ်လိုက်ပါလာသူများ ဘေးလွတ်ရာ ရှောင်တိမ်းနိုင်ခဲ့သော်လည်း ယာဉ်တစ်စီးလုံး မီးလောင်ဆုံးရှုံးခဲ့ရသည်ဟု အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

လွန်ခဲ့သည့် ၂ နှစ်ခန့်ကလည်း ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၁၆ အနီးတွင် ပုဂံမှ ဘုရားဖူးပြန်လာသည့် ကုမ္ပဏီဝန်ထမ်းများ လိုက်ပါလာသည့်ယာဉ်တစ်စီး တိမ်းမှောက်မီးလောင်ရာမှာ အမျိုးသား၊ အမျိုးသမီး ၈ ဦး မီးလောင်သေဆုံးခဲ့သည်။

R-15