News

POST TYPE

NEWS

မအူပင်တွင် ရေဆင်းကူးသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးပျောက်ဆုံး
15-Apr-2019

ဟင်္သာတ၊ ဧပြီ ၁၅

မအူပင်ခရိုင် မအူပင်မြို့ ပေါ်တော်မူပိုက်တန်းမြစ်ကမ်းစပ်တွင် ယနေ့ (ဧပြီလ ၁၅ ရက်) သင်္ကြန်အကြတ်နေ့ မွန်းလွဲပိုင်းက ရေဆင်းကူးသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ပျောက်ဆုံးခဲ့ကြောင်း မအူပင်မြို့မရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။

ပျောက်ဆုံးနေသူများမှာ မအူပင်မြို့ ၁၂ ရပ်ကွက် မြို့သစ် ၅ လမ်းတွင်နေထိုင်သူသည့် အသက် ၁၄ နှစ်အရွယ် မအေးသီရိကျော်နှင့် အသက် ၁၉ နှစ်အရွယ် သန်းထိုက်အောင်တို့ဖြစ်ကြောင်း အဆိုပါ ပျောက်ဆုံးနေသူများက စတင်ရေဆင်းကူးချိန်တွင် အသက် ၂၅ နှစ်အရွယ် မဂျူလိုင်မိုးဆိုသူ ပါဝင်သည့် သုံးဦးဖြစ်ကြောင်း မဂျူလိုင်မိုးကို နီးစပ်ရာများက ကယ်တင်လိုက်နိုင်သော်လည်း မအေးသီရိကျော်နှင့် သန်းဌေးအောင်တို့မှာ ပျောက်ဆုံးသွားကြောင်း ယင်းစခန်းက အတည်ပြုသည်။

“အခုရှာနေဆဲပါ။ ရဲတပ်ဖွဲ့နဲ့ ဒေသခံတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ငါးဖမ်းပိုက်တွေနဲ့ ရှာနေဆဲပါ။ ၁၂ နာရီခွဲက ပျောက်တယ်။ အခု ညနေ ၃ နာရီထိ မတွေ့သေးပါဘူး”ဟု မအူပင်မြို့မစခန်းမှူး ဒုတိယရဲမှူး ဝင်းဇော်မိုးကို ပြောဆိုသည်။ 

R-13