News

POST TYPE

NEWS

ပုသိမ်လမ်းလျှောက်သင်္ကြန် စတုဒိသာမဏ္ဍပ်ကို ကားဝင်တိုက်
15-Apr-2019


ပုသိမ်၊ ဧပြီ ၁၅

ပုသိမ်မြို့၊ လမ်းလျှောက်သင်္ကြန်ရှိ စတုဒိသာမဏ္ဍပ် ၃ ခုကို ဧပြီလ ၁၄ ရက်နေ့ ည ၇ နာရီခွဲဝန်းကျင်က ကားဝင်တိုက်သဖြင့် ပျက်စီးဆုံးရှုံးမှုများရှိခဲ့ကြောင်း ပုသိမ်လမ်းလျှောက်သင်္ကြန် ဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။

ယင်းနေ့ ညက Light Truck ကားတစ်စီးက ဝင်တိုက်မိခြင်းဖြစ်ပြီး ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း ရဲတပ်ဖွဲ့၏မှတ်တမ်းများအရ သိရသည်။

“ကားမဝင်ဖို့ လမ်းပိတ်ထားပါတယ်။ ညဘက် ဆိုင်ကယ်ဝင်ဖို့ လွှတ်ထားတဲ့ အပေါက်ကနေ တိုးဝင်လာရင်း စတုဒိသာမဏ္ဍပ်ကို တိုက်မိတာ”ဟု မျက်မြင် ဦးခင်လှိုင်က ပြောဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပုသိမ်မြို့မရဲစခန်းက ပုဒ်မ ၂၇၉/၂၀၂ ဖြင့် အမှုဖွင့်ကာ ယာဉ်မောင်းကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ထွန်းရွှေက ပြောကြားသည်။