News

POST TYPE

NEWS

မိတ္ထီလာမြောက်ကန်အစပ်၌ အမျိုးသားတစ်ဦး သေဆုံး
15-Apr-2019

မိတ္ထီလာ၊ ဧပြီ ၁၅

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ ဝန်ဇင်းရပ်ကွက် မိတ္ထီလာမြောက်ကန်စပ်ရှိ ကျောက်တံခါးကွေ့တွင် ယနေ့ (ဧပြီလ ၁၅ ရက်) နံနက်အစောပိုင်းက အမျိုးသားတစ်ဦး၏အလောင်းကို တွေ့ရှိရသဖြင့် သွားရောက်ဆယ်ယူကာ ပြည်သူ့ဆေးရုံရင်ခွဲရုံသို့ ပိုဆောင်ပေးခဲ့ရကြောင်း မြို့ခံ ရန်အောင်မြင် နာရေးကူညီမှုအသင်းထံမှ စုံစမ်းသိရှိရသည်။ 

သေဆုံးသူသည် ဝန်ဇင်းရပ်ကွက် မင်္ဂလာဦးရပ်ရှိ ငှက်ကြီး (ခ) မင်းမင်းထွန်း ၃၅ နှစ်ဖြစ်ပြီး ၎င်းသည် အရက်အလွန်အကျွံသောက်ထားကာ ပူအိုက်၍ တစ်ဦးတည်း ရေဆင်းချိုးရာမှ ထီလာမြောက်ကန်စပ်မှ အနက် ၈ ပေခန့် ရှိသောနေရာတွင် ပြင်ပဒဏ်ရာမရှိဘဲ ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မှုခင်းမှတ်တမ်းအရ သိရသည်။ 

အဆိုပါသေဆုံးမှုကို ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ် မဟုတ် သိရှိနိုင်ရန် မိတ္ထီလာအမှတ် (၂) နယ်မြေ ရဲစခန်းက သေမှုသေခင်းအမှတ် ၃/ ၂၀၁၉ ဖြင့် ရေးဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း ယင်းရဲစခန်းမှ စုံစမ်းသိရှိရသည်။ 

R-01