News

POST TYPE

NEWS

ချောင်းအတွင်း ရေဆင်းကူးသည့် လေးတန်းကျောင်းသား ရေနစ်သေဆုံး
15-Apr-2019

ဟင်္သာတ၊ ဧပြီ ၁၅

ပုသိမ်မြို့နယ်၊ ရှောပြာကျေးရွာအုပ်စု မြေလုံးတောင်ကျေးရွာရှိ ရှောပြာချောင်းအတွင်း သင်္ကြန်ရေကစားရင်း ရေဆင်းကူးသည့် လေးတန်းကျောင်းသားတစ်ဦး ဧပြီလ ၁၄ ရက်နေ့ နံနက် ၉ နာရီခန့်က ရေနစ်သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။

ရေနစ်သေဆုံးသူမှာ မြေလုံးတောင်ကျေးရွာတွင်နေထိုင်သည့် အသက် ၁၀ နှစ်အရွယ် လေးတန်းကျောင်းသား မောင်နေမင်းထက်ဆိုသူဖြစ်ပြီး သင်္ကြန်အကျနေ့ဖြစ်ခြင်းကြောင့် ရွယ်တူ သူငယ်ချင်းများနှင့် ရေဆော့ကစားရင်း ရေနစ်ခဲ့ခြင်းဖြစ်ကာ ရှာဖွေတွေ့ရှိချိန်တွင် သေဆုံးနေပြီဖြစ်ကြောင်း ဒေသခံများက ရှင်းပြသည်။

၎င်းရေနစ်နေသည်ကို ရွယ်တူကလေးများက အော်ဟစ် အကူအညီတောင်းခဲ့ကြောင်း အနီးအနားတွင် ကူညီနိုင်မည့် အသက်အရွယ်များ မရှိခြင်းကြောင့် ကုန်းပေါ်ရှိ လုံခြုံရေးအဖွဲ့များထံ လာရောက်ပြောဆိုခဲ့ကြောင်း၊ ယင်းနောက် ရှောပြာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့က ဝိုင်းဝန်းရှာဖွေခဲ့ခြင်းဝေကြာင့် မိနစ် ၃၀ ခန့်အကြာတွင် ပြန်တွေ့ရှိခဲ့ကြောင်း ယင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်မောင်တင့်က ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က သေမှုသေခင်းဖွင့်ထားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ 

R-13