News

POST TYPE

NEWS

ပုသိမ်တွင် မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ အစမ်းလေ့ကျင့်
12-Apr-2019


ပုသိမ်၊ဧပြီ ၁၂

ဧရာဝတီတိုင်းဒေသကြီး၏မြို့တော် ပုသိမ်မြို့တွင် မနက်ဖြန် (ဧပြီလ ၁၃ ရက်) နံနက် ၈ နာရီအချိန်တွင် ဖွင့်လှစ်မည့် ပုသိမ်မဟာသင်္ကြန်ဖွင့်ပွဲအတွက် အစမ်းလေ့ကျင့်မူကို ပုသိမ်မြို့ကမ်းနားလမ်းရှိ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဗဟိုသင်္ကြန်မဏ္ဍပ်တွင် ယနေ့ (ဧပြီလ ၁၂ ရက်) နံနက်ပိုင်းကပြုလုပ်ခဲ့သည်။

ယခုနှစ် ပုသိမ် မဟာသင်္ကြန်ပွဲတော်တွင် သင်္ကြန် သံချပ်အလှပြယာဉ် အဖွဲ့ ၉ ဖွဲ့၊ ပြိုင်ပွဲဝင် ယိမ်းအဖွဲ့ ၁၅ ဖွဲ့ယှဉ်ပြိုင်မည်ဖြစ်ပြီး ဆုပေးမဏ္ဍပ် ၈ ခု၊ ရေကစားမဏ္ဍပ် ၃၀ ရှိကြောင်း ပုသိမ် မဟာသင်္ကြန် ပွဲတော်ကျင်ပရေး ကော်မတီထံမှသိရသည်။

ပုသိမ် မဟာသင်္ကြန် ပွဲတော်ကာလအတွင်း မလိုလားအပ်သော ပြစ်မူများ မဖြစ်စေရန် တရားဥပဒေစိုးမိုးစေရန်နှင့် သင်္ကြန်ချစ်သူများ ပျော်ရွှင်စွာ ရေကစားနိုင်ကြရန်အတွက် ရဲတပ်ဖွဲ့ဝင် အရာရှိ ၃၈ ဦးနှင့် အခြားအဆင့် အင်အား ၃၀၀ နီးပါးဖြင့် လုံခြုံရေးအစီအမံများကို ဆောင်ရွက်ထားပြီး မဏ္ဍပ်များတွင် CCTV များ တပ်ဆင်ထားကြောင်း လှည့်ကင်း ရပ်ကင်းများလည်း ဆောင်ရွက်ထားရှိမည်ဖြစ်ကြောင်း ပုသိမ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

R-12