News

POST TYPE

NEWS

အဂတိလိုက်စားမှုဥပဒေဖြင့် အရေးယူခံရသည့် အစိုးရဝန်ထမ်း ၄၆ ဦးရှိ
26-Mar-2019

ရန်ကုန်၊ မတ် ၂၆

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်း အစိုးရဝန်ထမ်း ၄၆ ဦးကို အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဥပဒေဖြင့် တရားဆွဲဆိုနိုင်ခဲ့ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက ပြောကြားသည်။

“အသေးစိတ်ကိုတော့ ကော်မရှင် Website မှာဖော်ပြထားတယ်။ နောက်တစ်ခုက ကော်မရှင်က လွတ်လပ်တဲ့အဖွဲ့အစည်းဖြစ်တယ်။ ဘက်လိုက်မှုကင်းကင်းနဲ့ ဆောင်ရွက်နေပါတယ်”ဟု ၎င်းက ပြောဆိုသည်။

အာဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေဖြင့် တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲမော်အမှုနှင့်ပတ်သက်ပြီး အမှုဖွင့်ထားပြီးဖြစ်၍ သက်ဆိုင်ရာဌာနများနှင့်ချိတ်ဆက်၍ ဆက်လက်ဆောင်ရွက်နေကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

“တနင်္သာရီတိုင်းကိစ္စ၊ မှော်ဘီအုပ်ချုပ်ရေးမှူး အဂတိလိုက်စားတာ၊ မြေယာကိစ္စတွေ ကျွန်တော်တို့ ကိုင်တွယ်နေတယ်”ဟု ဦးကျော်စိုးကရှင်းပြသည်။

ပြီးခဲ့သည့် ၁၀ စုနှစ်များအတွင်း အဂတိတိုက်စားမှု တိုက်ဖျက်ရေးအစီအစဉ် ပီပီပြင်ပြင် မရှိခဲ့သည့်အတွက် ဌာနတွင်း ဝန်ထမ်းအချင်းချင်းဖြစ်စေ၊ ဌာနပြင်ပ စီးပွားရေးလုပ်ငန်းများ၊ အများပြည်သူနှင့်ပတ်သက်၍ဖြစ်စေ အဂတိလိုက်စားမှု ပြစ်မှုကျုးလွန်နေသည်ကို လုပ်ရိုးလုပ်စဉ် အရာတစ်ခုဟု ယူဆထားသောကြောင့် တရားစွဲဆိုခံရခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်း ပုသိမ်းမြို့တွင်ကျင်းပသည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ကော်မရှင်ဥက္ကဋ္ဌက ပြောဆိုထားသည်။

J-18