News

POST TYPE

NEWS

မိတ္တီလာတွင် အမျိုးသားတစ်ဦးကြိုးဆွဲချသေဆုံး
26-Mar-2019

မိတ္ထီလာ၊ မတ် ၂၆

မိတ္တီလာမြို့နယ် ကံသာကျေးရွာတွင် မတ်လ ၂၅ ရက်နေ့ ည ၁ဝ နာရီခန့်က အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ယင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။ 

သေဆုံးသူသည် ရှမ်းမငယ်နယ်မြေ ကံသာကျေးရွာတွင် နေထိုင်သည့် ဦးကံညွန့်(၄၃ နှစ်)ဖြစ်ပြီး ၎င်းတို့မိသားစုမှာ ငွေကြေးအခက်ခဲနှင့် ကြုံတွေ့နေသည့် ကိစ္စရှိသည်ဟု သေဆုံးသူ၏ ဇနီးက ပြောဆိုထားကြောင်း ရဲမှတ်တမ်းတွင်ဖော်ပြထားသည်။

ယင်းသေဆုံးမှုမှာ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ်သိရှိနိုင်ရန် ရှမ်းမငယ်နယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ်(၂/၂၀၁၉)ဖြင့် အမှုရေးဖွင့်စုံစမ်းစစ်ဆေးနေကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

R-01