News

POST TYPE

NEWS

သာစည်တွင် မူးယစ်ဆေးဝါးများဖမ်းမိ
24-Mar-2019

မိတ္ထီလာ၊ မတ် ၂၄ 

မန္တလေးတိုင်း သာစည်မြို့နယ် ဘုရားငါးဆူ (မြောက်) ကျေးရွာရှိ အမှတ်(၂) နယ်မြေ မီးရထားလိုင်းခန်းနေသူ အမျိုးသားထံမှ မတ်လ (၂၃) ရက်နေ့ ညပိုင်းက စိတ်ကြွမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ယင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

ယင်းကျေးရွာရှိ အမှတ် (၂) နယ်မြေ မီးရထားလိုင်းခန်း (၃) တွင် နေထိုင်သူ နိုင်ထွန်း (ခ) နက်ကွက် (၂၂ နှစ်) ၏ နေအိမ်တွင် မူးယစ်ဆေးဝါးများရောင်းချနေကြောင်း သတင်းအရ ပူးပေါင်းအဖွဲ့က ဝင်ရောက်ရှာဖွေရာ နေအိမ်လိုင်းခန်း၌ ၎င်းကို အသင့်တွေ့ရှိပြီး နေအိမ်တံစက်မြိက်အောက် (၃) ပေခန့်အကွာ ကျောက်ပုံကြားတွင် အနက်ရောင် ပလပ်စတစ်အိတ်ဖြင့်အတွင်းရှိ ကော်ဗူးများအတွင်းမှ WY စာတမ်းပါ ပန်းရောင်စိတ်ကြွ ဆေးပြား (၉၆) ပြားနှင့် မူးယစ်ဆေးသုံးစွဲရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းခဲ့ကြောင်း မှုခင်းမှတ်တမ်းအရ သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ထွန်း (ခ) နက်ကွက် (၂၂ နှစ်) ကို အရေးယူပေးရန် ဒုရဲအုပ်ဖြိုးကျော်ခိုင်၏ တိုင်တန်းချက်အရ သာစည်မြို့မရဲစခန်းက မူး/စိတ် ပုဒ်မ ၁၉ (က) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

R-01