News

POST TYPE

NEWS

စောင်းကောက်ကျွန်းတွင် လုပ်ငန်းရှင် ၅ ဦးကို လုပ်ကိုင်ခွင့် လျှောက်ခိုင်းထားဆဲဟုဆို
24-Mar-2019

ထားဝယ်၊ မတ် ၂၃

ကော့သောင်းမြို့ ဇာဒက်ကြီးကျေးရွာအုပ်စု စောင်းကောက်ကျွန်းပေါ်တွင် ကုမ္ပဏီလုပ်ငန်းရှင် ၅ ဦးကို ယာယီလုပ် ပိုင်ခွင့်သာပြုထားပြီး BOT စနစ်ဖြင့် လုပ်ကိုင်ခွင့် လျှောက်ထားခိုင်းဆဲဖြစ်ကြောင်း ဝန်ကြီးချုပ်ဦးမြင့်မောင်က ပြောသည်။

ကုမ္ပဏီ ၅ ခုအား ကျွန်းပေါ်တွင် ခရီးသွားလုပ်ငန်းများကို တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ အခွန်များပေးသွင်းပြီး ဆောင်ရွက်နိုင်ရန်အတွက် ယာယီနားနေဆောင်နှင့် စားသောက်ဆိုင်များအား မြေပိုင်ဆိုင်မှုမပါဘဲ ၂၀၁၇ ခုနှစ် ဧပြီလတွင် တိုင်းအစိုးရအဖွဲ့အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း ဦးမြင့်မောင်က ပြောသည်။

သို့သော် ယာယီလုပ်ပိုင်ခွင့်တွင် အခွန်ကောက်ခံ၍မရသဖြင့် လက်ရှိတွင် ကုမ္ပဏီ ၅ ခုစလုံးအား BOT စနစ်ဖြင့် လုပ်ကိုင်ခွင့် ပြန်လျှောက်ခိုင်းထားသည်ဟု ဝန်ကြီးချုပ် ဦးမြင့်မောင်က ပြောသည်။

“ြဥွှ နဲ့မှသာ ဥပဒေအရအခွန် ကောက်လို့ရတယ်၊ အခွန်ကောက်လို့ မရတော့ ဒီငါးယောက်ကို ပြန်လျှောက်ခိုင်းတယ်၊ ပြန်လျှောက်ခိုင်းထားတုန်းပဲ၊ လုပ်ငန်းက အဲဒီထဲမှပဲရှိသေးတယ်၊ မပြတ်သေးဘူးပေါ့”ဟု ဦးမြင့်မောင်က ပြောသည်။

ပြီးခဲ့သည့်အပတ် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် အဂတိအမှုဖြင့် ထိန်းသိမ်းခံရပြီး ဝန်ကြီးချုပ်တာဝန် ရပ်စဲခံရပြီးနောက်တွင် ယင်းကျွန်းကို ဒေါ်အောင်ဆန်းစုကြည်အား အကူအညီပေးခဲ့ဖူးသည့် မိသားစုမှ သားဖြစ်သူက လုပ်ပိုင်ခွင့် လျှောက်လာသည့်အတွက် အကူအညီပေးလိုသည်ဟု ဒေါက်တာလဲ့လဲ့မော်က ပြောဆိုခဲ့သည့် ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက် (Facebook) တွင် ပျံ့နှံ့ခဲ့သည်။




Dawei Watch