News

POST TYPE

NEWS

ဝမ်းတွင်းတွင် ခြေဥပြင်ဆင်ရေးထောက်ခံပွဲ ကျင်းပ
23-Mar-2019


မိတ္ထီလာ၊ မတ် ၂၃

မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့ မြို့နယ်အားကစားကွင်းအတွင်း မတ်လ ၂၃ ရက် နေ့လည်(၂)နာရီခန့်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပြင်ဆင်ရေးကော်မတီကို ထောက်ခံပွဲကျင်းပပြုလုပ်ခဲ့ကြောင်း မြို့ခံ များထံမှ သိရသည်။

အဆိုပါထောက်ခံပွဲတွင် ပါဝင်သော ဝမ်းတွင်းမြို့နှင့် သဲတောမြို့မှ ဒေသခံများသည် အုပ်စုနှစ်စုခွဲ၍ ဝမ်းတွင်း-သဲတောလမ်းတလျောက်တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ပြည်သူ့ဆန္ဒနှင့် ဆန့်ကျင်သည့် အခြေခံဥပဒေ ဥပဒေ(အလိုမရှိ)၊ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ဖို့ ပြည်သူအားလုံးဝန်းရံစို့ ဟူသော ကြွေးကြော်သံများဖြင့် ဝမ်းတွင်းမြို့နယ် အားကစားကွင်းဆီသို့ ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

'' ရည်ရွယ်ချက်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ရေးနဲ့ ပြင်ဆင်ရေးကော်မတီကို ဝမ်းတွင်းမြို့နယ်လုံးဆိုင်ရာ ထောက်ခံပွဲ အခမ်းအနားပါ။ အဲဒီအခမ်းအနားပြီးမှ ဒုတိယပိုင်းက စာပေဟောပြောပွဲပါ။ စာရေးဆရာ ဦးဘုန်း(ဓာတု)၊ ဆရာ ထင်လင်းဦး၊ ဆရာ မာန်(တောင်လုံးပြန်)တို့သုံးဦးပါ '' ဟု အခမ်းအနားမှူးအဖြစ် တာဝန်ယူသော ဝမ်းတွင်းမြို့မရပ်မှ ဦးမျိုးမင်းသိန်းက ပြောကြားသည်။

အဆိုပါအခမ်းအနားသို့ ဒေသခံပြည်သူ ၃၅၀၀ ကျော်ခန့် တက်ရောက်ခဲ့ပြီး အခမ်းအနားစီစဉ်သူများထံမှ သိရသည်။

R-01

ဓာတ်ပုံ - ကျော်စိုးမိုး