News

POST TYPE

NEWS

ချောက်တွင် ဆေးခြောက်ရောင်းချသူ ၄ ဦး ဖမ်းဆီး
22-Mar-2019

ဓာတ်ပုံ - ချောက်မြို့ ရဲတပ်ဖွဲ့

ချောက်၊ မတ် ၂၂

မကွေးတိုင်း ချောက်မြို့နယ်အတွင်းရှိ နှစ်နေရာတွင် ဆိုင်ကယ်တစ်စီး လူနှစ်ဦးနှုန်းဖြင့် ဆေးခြောက်ရောင်းချသူ စုစုပေါင်း ၄ ဦးကို ဆေးခြောက် ၁၈၀ ဂရမ်နှင့်အတူ မတ်လ ၂၁ ရက်နေ့ နေ့လယ်ပိုင်းက ဖမ်းဆီးသည်ဟု ယင်းမြို့ရဲတပ်ဖွဲ့ထံမှ သိရသည်။

မကွေးတိုင်းရဲတပ်ဖွဲ့၊ ယင်းမြို့ရဲတပ်ဖွဲ့၊ စလေနယ်မြေရဲတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါ ဖမ်းဆီးမှုပြုလုပ်ရာတွင် ယင်းနေ့ နေလယ် ၂ နာရီခွဲ အချိန်ခန့်တွင် မိုလာကျေးရွာ ချောက်-ဂွေးချိုသွားလမ်း မိုင်တိုင်အမှတ် ၄၀၂ အနီးတွင် ကားလမ်းဘေး ဆိုင်ကယ်ပေါ်တွင် ထိုင်နေသော လူ ၂ ဦးကို မသင်္ကာသဖြင့် စစ်ဆေးမှုပြုလုပ်ရာ၌ ချောက်မြို့ အမှတ် ၁၊ ဈေးတန်းလျားရပ်နေ အောင်နိုင်မိုး လွယ်ထားသော ချည်လွယ်အိတ်အတွင်းက ဆေးခြောက် အရိုးအရွက်အစေ့ပါ တစ်ထုတ် အလေးချိန် ၂၇ ဂရမ်နှင့် ငွေကျပ် ၄၂၅၅၀ အားလည်းကောင်း၊ အမှတ် ၃ ရပ်ကွက်နေ ပြည့်ဖြိုးသူထံမှ ဖုန်းတစ်လုံးတို့ တွေ့ရှိ၍ ဖမ်းဆီးသိမ်းဆည်းသည်။

ဆက်လက်၍ ဖမ်းဆီးမိသူများကို စစ်ဆေးရာတွင် အောင်နိုင်မိုးက ၄င်း၏ နေအိမ်တွင် ဆေးခြောက်များ ကျန်နေသေးကြောင့် ပြောပြထွက်ဆိုသဖြင့် ၄င်းနေအိမ်သို့ သွားရောက်စစ်ဆေးရှာဖွေရာတွင် ဆေးခြောက် ၃ ဂရမ် ထပ်မံတွေရှိ၍ ၄င်းတို့နှစ်ဦးထံက ဆေးခြောက်စုစုပေါင်း ၃၀ ဂရမ် ကာလတန်ဘိုးငွေ ၅၄၉၀ ကျပ်ဖြစ်သည်။

ထို့နောက် နေ့လယ် ၃ နာရီကျော် အချိန်ခန့်တွင် စလေ-မိုလာ သွားကားလမ်း မိုင်တိုင်အမှတ် ၁ မိုင် ၁ဖာလုံနှင့် ၂ ဖာလုံကြား စလေမြို့ ပန်းနုရောင်လမ်းဆုံတွင် ဆိုင်ကယ်စီးလာသူနှစ်ဦးကို မင်္သကာသဖြင့် စစ်ဆေးမှုဆောင်ရွက်ရာတွင် ချောက်မြို့ အမှတ် ၁၊ ဈေးတန်းလျားနေ ရှိုင်းထက်ကျော် ၂၁ နှစ် ဝတ်ဆင်ထားသော အနွေးထည်အင်္ကျီ ယာအိတ်ကပ်အတွင်းက ပလပ်စတစ်ဖြင့် ထည့်ထားသည့် ဆေးခြောက် အရိုးအရွက်အစေ့ပါ အထုတ်တစ်ထုပ် အလေးချိန် ၁၂၀ ဂရမ် တွေ့ရှိသည်။

ထို့နောက် ၄င်းနှင့်အတူပါလာသော ချောက်မြို့ အမှတ် ၄၊ အုံမြှားစုရပ်နေ ထက်မြတ်အောင် ၂၀ နှစ် ဝတ်ဆင်ထားသော သရီးကွာတာ ဘောင်းဘီးအိတ်ကပ်အတွင်းက ပလပ်စတစ်အိတ်ဖြင့် ထည့်ထားသော ဆေးခြောက် အရိုးအရွက်အစေ့ပါ တစ်ထုတ် အလေးချိန် ၃၀ ဂရမ် တွေ့ရှိခဲ့၍ ၄င်းတို့နှစ်ဦးထံက ဆေးခြောက်အရိုးအရွက်အစေ့ပါ အလေးချိန် ၁၅၀ ဂရမ်း (ကာလတန်ဖိုးငွေ ကျပ် ၂၇၄၅၀) နှင့်အတူ ဖမ်းဆီးရမိသည်။

ထို့ကြောင့် မူးယစ်ဆေးဝါး ဆေးခြောက် အရိုးအရွက် အစေ့ပါ လက်ဝယ်ထားရှိရောင်းချသူဖြစ်သော အောင်နိုင်မိုး ၂၄ နှစ်နှင့် ပြည့်ဖြိုးသူ ၂၀ နှစ်တို့အား ချောက်မြို့မရဲစခန်း မယ (ပ) ၁/၂၀၁၉၊ မူး/စိတ် ပုဒ်မ ၁၆ (ဂ) /၂၁ ဖြင့်လည်းကောင်း၊ ရှိုင်းထက်ကျော် (ခ) ပီးနိုင်း ၂၁ နှစ်နှင့် ထက်မြတ်အောင် ၂၀ နှစ်တို့အား စလေနယ်မြေရဲစခန်း မယ (ပ) ၁/၂၀၁၉ မူးစိတ် ပုဒ်မ ၁၉ (က)/၂၁ ဖြင့် လည်းကောင်း အမှုဖွင့် ဖမ်းဆီးသိမ်းဆည်းပြီး စစ်ဆေးဆောင်ရွက်နေသည်ဟု ယင်းမြို့ ရဲတပ်ဖွဲ့မှ သိရသည်။

R-24