News

POST TYPE

NEWS

ဘူးသီးတောင်မြို့နယ် စည်တောင်ကျေးရွာတွင် ပစ်ခတ်မှုဖြစ်ပွား၍ ၆ ဦးသေဆုံး
22-Mar-2019

စစ်တွေ ၊ မတ် ၂၂ 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စည်တောင်ကျေးရွာတွင် မတ်လ ၂၁ ရက်နေ့ ညနေပိုင်းက ပစ်ခတ်မှုများကြောင့် ကျေးရွာသူ/သား ၆ ဦးသေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါကျေးရွာ၌ ညနေ ၉ နာရီကျော်အချိန်၌ တပ်မတော်မှ ရွာသို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည်ဟုဒေသခံများက ဆိုကြသည်။

“ဗုံးခိုကျင်းထဲမှာ ပုံးနေကြတဲ့ မိသားစု ၆ ဦးမှာ ၄ ဦးက လက်နက်ကြီးကျလို့သေးတယ်။ ကလေးနှစ်ယောက်က ပြေးလို့လွတ်သွားတယ်။ နောက် ကျည်ထိလို့ အသက် ၉၀ ကျော် အဘွားကြီးတစ်ဦးသေတယ်”ဟု အမည်မဖော်လို့သည့် စည်တောင်ကျေးရွာသား တစ်ဦးက ပြောသည်။

ယင်းအပြင်ဆေးရုံ၌ ဆေးကုသမှု ခံယူနေသည့် အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း ၎င်းက ဆိုသည်။

လက်ရှိအချိန်၌ တပ်မတော်စစ်ကြောင်းသည် ကျေးရွာအတွင်းတွင် တပ်စွဲထားကြောင်း ကျေးရွာသူ ကျေးရွာသားများမှာ ဆင်ခုံးတိုင်းကျေးရွာသို့ တိမ်းရှောင်ခိုလှုံနေကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်မှာ ပြောရေးဆိုခွင့်ရှိသူများကို ဆက်သွယ်မေးမြန်းသော်လည်း လက်ရှိအချိန်ထိ မေးမြန်းနိုင်ခြင်းမရှိသေးပေ။

R-22